နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး

ရန်ကုန်၊ ဇွန် ၉


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်အားပြတ်တောက်မှုနှင့်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဓာတ်အားလိုင်းများ ဓာတ်အားခွဲရုံများ ကြံ့ခိုင် ကောင်းမွန်စေရေး ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရန်ကုန်မြို့တွင်း ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးရေးအတွက် မူလလျှပ်ကာမပါသောကြိုးများအား လျှပ်ကာဖုံးထားသောကြိုးများဖြင့် လဲလှယ် ဆောင်ရွက်လျက်ရှိသည်။ ဓာတ်အားခွဲရုံများ၊ ဒုတိယသုံးလပတ် ထိန်းသိမ်းပြုပြင်ခြင်းများဆောင်ရွက်ရာတွင် အချိန်ပိုင်းဓာတ်အားဖြတ်တောက်၍ ဆောင်ရွက်လျက်ရှိသည်။


လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးနှိုးဆော်ချက်များလည်း အသိပညာဖြန့်ဝေပေးလျက် ရှိသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများကလည်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှု၊ စံချိန်မီလျှပ်စစ် ပစ္စည်းများ၊ အရည်အသွေးမီ အာမခံလျှပ်စစ်ပစ္စည်းများ တပ်ဆင်သုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီ လျှပ်စစ် ပစ္စည်းများသုံးစွဲခြင်းလည်း ဂရုပြုသင့်သည်။


အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ်များအား ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်း၊ သမံသလင်းပြင်၌ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ်များအား ကိုင်တွယ်အသုံးမပြုခြင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ကို ကလေးငယ်များလက်လှမ်းမမီသောနေရာတွင် တပ်ဆင်အသုံးပြုခြင်း၊ နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်နက်အသုံးမပြုခြင်း၊ ပျက်စီးနေသောမီးပလပ်၊ မီးခလုတ်များ၊ ဆေ့ဖ်ကတ်များအသုံးမပြုဘဲ အမြန်ဆုံးလဲလှယ်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုရမည့်အချက်များ ဖြစ်သည်။


ဓာတ်အားလိုင်းအနီး၊ ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊ သစ်ကိုင်းများကို ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်ပြိုလဲအန္တရာယ်မဖြစ်စေရေးတို့အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပါဝင်ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။


လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ဓာတ်အားကြိုးများကို လဲလှယ် ခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုးများ သတ်မှတ်သည့်စံနှုန်းအတိုင်းတပ်ဆင်ရန်နှင့် ခံနိုင်အားထက်ပိုမထည့်သွင်းရန် လျှပ်စစ်မီးဖို၊ မီးပူ သုံးစွဲပြီးလျှင် မီးပျက်လျှင် ခလုတ်ပိတ်ပြီးမှ ပလပ်ခေါင်းဖြုတ်ရန် လျှပ်စစ်ဓာတ်အားသုံးစွဲသူ များအနေဖြင့် ဆင်ခြင်လိုက်နာပူးပေါင်းကူညီရန်လိုအပ်သည်။


ဇွန်လ ၁ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်ကောက်ခံရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ နိုင်ငံပိုင်သတင်းစာနှင့် သတင်းမီဒီယာများတွင် အသိပေးကြေညာခဲ့သည်။ လျှပ်စစ်ဓာတ်အားနှုန်းထား အသစ်များဖြင့် ကောက်ခံရာတွင် ဓာတ်အားသုံးစွဲသူမိဘပြည်သူများ နစ်နာမှုမရှိစေရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ ရပ်ကွက်နေရာများတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်လျှပ်စစ်ရုံးများမှ တာဝန်ခံများ အိမ်တိုင်ရာရောက် ကွင်းဆင်းမီတာဖတ်ရှုစစ်ဆေးနေမှုကို ပြည်သူများဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက် စေချင်ကြောင်း။           ။






အခြားဆက်စပ်သတင်းများ