နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုက်ထိုမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် Sodium Cyanide များ ဖမ်းဆီးရမိ

ကျိုက်ထို ဇွန် ၈


 ဇွန် ၅ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်အချိန် အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာအနီး၊ မြဝတီ-ရန်ကုန်လမ်းတွင် ကျော်ဝင်းထွန်းမောင်းနှင် လာသည့် HIACE အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆာလာအိတ်များဖြင့် ထည့်ထာသည့် Sodium Cyanide ၂,၅၀၀ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ  ဇွန် ၆ ရက်၊ နံနက် ၂ နာရီ ၄၀ မိနစ်အချိန် အထက်ပါနေရာ၌ပင် သိန်းသန်းမင်း(ခ)မင်းအောင် အားဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ နံနက် ၉ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘုံရပ်၊ လောကပီတိလမ်းရှိ ဝေယံ(ခ)ဒေးဗစ်၏ နေအိမ်အားရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်ခြံဝင်းအတွင်း ကျော်ဝင်း၊ ချစ်စမ်းမောင်(ခ)အောင်ကိုလတ်၊ သက်နောင်တို့အား KIA အမျိုးအစား မော်တော်ယာဉ်နှင့် တွေ့ရရှိပြီး ၎င်းမော်တော်ယာဉ်အနီးရှိ ဆာလာအိတ်များအတွင်းမှ Sodium Cyanide ၁,၂၅၀ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ နံနက် ၁၀ နာရီခွဲအချိန်တွင် ဇော်ထက်အောင်အား မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် နေ့လယ် ၃ နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဒေါနပန်းလမ်းရှိ ဂိုဒေါင်အတွင်းမှ  Sodium Cyanide ၂၀,၀၀၀ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဝင်းထွန်း(၃၅)နှစ်၊ သိန်းသန်းမင်း(ခ)မင်းအောင် (၂၄)နှစ်၊ ဝေယံ(ခ)ဒေးဗစ်(၂၃)နှစ်၊ ကျော်ဝင်း(၆၃)နှစ်၊ သက်နောင်(၂၅)နှစ်၊ ချစ်စမ်းမောင်(ခ)အောင်ကိုလတ်(၃၅)နှစ်၊ ဇော်ထက်အောင်(ခ)အာနိုး(၂၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ