နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွားနို့ထုတ်လုပ်မှု အရည်အသွေးအဓိကထားရန် လိုအပ်

ရန်ကုန်၊ ဇွန် ၂၂


နွားနို့သောက် သုံးမှုများ လာသော ရန်ကုန်မြို့၌ နွားနို့ ထုတ်လုပ်မှုတွင် အရည်အသွေး ပိုင်းဆိုင်ရာကို ထိန်းချုပ်ထုတ် လုပ်မှုထက် အရေအတွက်ကို ဦးစားပေး ထုတ်လုပ်လာမှု ကြောင့် ရေရှည်တွင် နို့စား နွားမွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုတို့တွင် အခက်အခဲ များရှိလာနိုင်သောကြောင့်အနာ ဂတ်ကိုမျှော်မှန်း၍ ထုတ်လုပ် ရန် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက ဆောင်ရွက်လျက်ရှိ      သည်။         

           

မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ် မှစတင်၍ ကမ္ဘာ့ဘဏ်အကူ အညီဖြင့် ပြင်သစ်၊ နယ်သာလန်၊ ဩစတြေးလျနိုင်ငံတို့က ဖရေရှန်၊ ဂျာစီ၊ ဂွမ်စီ၊ အေးရှားရား၊ နော်ဝေ ဂျင်ရွက်အပါအဝင် နို့စားနွား ခုနှစ်မျိုးကို မွေးမြူခဲ့ပြီး၊ အရည် အသွေးပိုင်းထက် နို့ထွက်ကောင်း သော ဖရေရှန်နှင့် ဂျာစီနှစ်မျိုး မွေးမြူခဲ့ရာမှ၊ ယခုအခါ ဂျာစီနို့ စားနွားထက် နို့ထွက်ကောင်း သော ဖရေရှန်နို့စားနွားကို အများဆုံးမွေးမြူလျက်ရှိသည်။


“နွားနို့အတွက် နို့စားနွား မွေးမြူတဲ့အခါမှာအရည်အသွေး ထက်အရေအတွက်ကို ဦးစား ပေးထုတ်လုပ်လာကြတဲ့အတွက် နွားနို့အရည်အသွေး ကျလာတယ် လို့ဆိုရမယ်။ နိုင်ငံခြားမှာက နို့ အရည်အသွေးကိုကြည့်ပြီး နွား ကို မွေးမြူတာ။ ဒီမှာက နွားနို့ တစ်ပိဿာ ဘယ်လောက်ဈေး        ဆိုပြီး ထုတ်လုပ်နေကြတယ်။ ဖရေရှန်ရဲ့ အားသာချက်က နို့ထွက်ကောင်းတယ်။ နွားနို့ အရည်အသွေးက ၃ ဒသမ ၅ ရာခိုင်နှုန်းပဲပါတယ်။ ဖရေရှန်နို့စားနွား၁၀ပိဿာထွက်တဲ့အချိန်             မှာဂျာစီနွားက ရှစ်ပိဿာပဲထွက် တယ်။ ဂျာစီ နွားနို့အရည် အသွေးက ၅ ရာခိုင်နှုန်း ရှိတယ်။ အရသာလည်း ကွာတယ်။ ဒါကြောင့် ဒီမှာဖရေရှန်နွားပဲ မွေးတာများတယ်။ အစာကျွေးပုံ တူပြီး နို့ထွက်အရည်အသွေး မတူတာဟာသူတို့ရဲ့မျိုးရိုးဗီဇကြောင့်ပါ။ ကျွန်တော် တို့နိုင်ငံမှာ ဖရေရှန် နို့စားနွား ကို အများဆုံးမွေးမြူထုတ် လုပ်တာဟာ သောက်သုံးသူ အတွက်အနာဂတ်ကို မျှော်မှန်း ပြီး ထုတ်လုပ်ကြရန် လိုအပ် ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ ဒုတိယတိုင်း  ဦးစီးမှူးဒေါက်တာမင်းညွန့်ဦးကပြောသည်။


နို့စားနွားတစ်ကောင်လျှင် တစ်နှစ်တစ်သားကျဖြင့် နို့ထွက် အားကို ရက် ၃၀ဝ သတ် မှတ်လေ့ရှိပြီး၊ တစ်ရက်လျှင် နွားနို့ငါးပိဿာ၊ခြောက်ပိဿာမှ အမြင့်ဆုံးအချိန်၌ ၁၃ ပိဿာ ထိထွက်သောကြောင့်၊ ရန်ကုန် မြို့တွင် ဖရေရှန်နို့စားနွားကို အများဆုံးမွေးမြူ၍၊ အင်းစိန်နွားနို့ ဈေးကွက်နှင့် တာမွေနွားနို့ ဈေး ကွက်တို့ကတစ်ဆင့် နေ့စဉ်ဖြန့်ချိ လျက်ရှိသည်။ 


နယူးဇီလန်နိုင်ငံတွင် ဖရှေရှန် နွားနှင့် ဂျာစီနွားကို မျိုးစပ်၍၊ အီဝီမျိုးစိတ်သစ်ကို ရရှိခဲ့ပြီး၊ နို့ထွက်အားအရည်အသွေးစွမ်း ရည်ကိုမြှင့်တင်၍၊ နို့ထွက် ပစ္စည်းကို ထုတ်လုပ်လျက်ရှိ သည်။ 


နို့စားနွားကို မွေးမြူရာ၌ မျိုးရိုးဗီဇနှင့် အစာစားသုံးမှုပေါ် တွင်မူတည်သောကြောင့်၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အရည်အသွေးကောင်းရရှိမှုတွင်၊ သင့်တင့်မျှတသော နို့စားနွားများကိုမွေးမြူထုတ်လုပ်ရန် လိုအပ်လာလာသည်။


    ရန်ကုန်တိုင်းဒေသကြီးတွင်၊ နို့စားနွားကောင်ရေ ၁၆၀ဝ၀ ခန့်မွေးမြူလျက်ရှိပြီး၊ ဂျာစီနို့စားနွား၂၀ရာခိုင်နှုန်းနှင့် ဖရေရှန် နို့စားနွား ၈၀ရာခိုင်နှုန်းမွေးမြူ လျက်ရှိသည်။ အရည်အသွေးကောင်းမွန်သောနွားနို့သောက်သုံးနိုင်ရန်၊ မျိုးရိုးဗီဇကောင်းသော နို့စားနွားများကို မွေးမြူ ထုတ်လုပ်ရန် လိုအပ်ပြီး၊ နို့ဈေးနှုန်းတည်ငြိမ်ရန်၊ အစာ စရိတ်ပေါ်တွင်မူတည်၍၊ နို့စား နွားတစ်ကောင်တွင်၊ အစာ အတွက် ၇၅ ရာခိုင်နှုန်း ရင်းနှီး မြုပ်နှံထားသောကြောင့်၊ မွေးမြူရေးတောင်သူများ မြက် ရရှိရန် သဘာဝမြေနေရာနှင့် စိုက်ပျိုးရန် မြေနေရာများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခက်အခဲရှိလာနိုင်၍၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက မြက်စိုက်ပျိုး ထုတ်လုပ်ကာ မြက်ချဉ်ဖတ်နှင့် ပြောင်းချည်ဖတ်ကို တောင်သူ တို့လက်ဝယ်အရောက် ဖြန်ချိနိုင် ရန် ကြိုးပမ်းလျက်ရှိကြောင်း     သိရသည်။                                 နန္ဒာဆွေ






အခြားဆက်စပ်သတင်းများ