နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒုတိယမြို့နယ်တာဝန်ခံမွမ်းမံသင်တန်း ဖွင့်လှစ်

ရန်ကုန်   ဇွန် ၂၂


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယ မြို့နယ်တာဝန်ခံ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂ဝ၂၂)  သင်တန်း ဖွင့်ပွဲအခမ်းအနားကို၊ ယနေ့  နံနက် ၉ နာရီက၊ ဗိုလ်တ ထောင်မြို့နယ်၊ ကုန်သည်လမ်း၊ ၁၂ ထပ်ခွဲရုံး၊  အစည်းအဝေးခန်း မတွင်ကျင်းပရာ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ (ဒုတိယမြို့တော်ဝန်)ဦးညီညီ  တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။


ဒုတိယ မြို့တော်ဝန်က     "ရန်ကုန်မြို့တော်စည်ပင်သာယာ   ရေးကော်မတီအနေဖြင့် မွေးဖွား သည်မှ သေဆုံးသည်အထိ မြို့တော်နေပြည်သူ များအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေရခြင်းဖြစ် ရာ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန သည်၊ မြို့တော်၏သန့်ရှင်း သာယာလှပရေးအတွက်ဆောင် ရွက်နေရသည့် ကဏ္ဍများတွင်၊ အဓိကအခန်းနေရာကပါဝင် ကြောင်း၊ ရန်ကုန်မြို့တော် သည်၊ ဖွံ့ဖြိုးတိုးတက်မှုကြီးမားပြီး၊ လူဦးရေအနေဖြင့် အခုကာလ တွင် ရွှေ့ပြောင်းနေထိုင်သူမပါ ၇ ဒသမ ၈ သန်းခန့်ရှိပြီး၊နေထိုင် သူများက အသုံးမလို၍၊ စွန့်ပစ် သည့်ပစ္စည်းများ အိမ်ထောင်စု များက စွန့်ပစ်အမှိုက်များစက်ရုံ၊  အလုပ်ရုံများက ကုန်ထုတ်လုပ် ပြီး စွန့်ပစ်တဲ့ပစ္စည်းများ စီးပွား ရေးလုပ်ငန်းများက စွန့်ပစ်သည့် အမှိုက်များ၊ ဈေးများကထွက် ရှိသည့် အမှိုက်များကို မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက နေ့စဉ်သိမ်း ဆည်းပေးနေရ ခြင်းဖြစ်ကြောင်း၊ စွန့်ပစ်သည့်အမှိုက်များကို ယာဉ် ကြီး၊ယာဉ်ငယ်များဖြင့်သိမ်း ဆည်းရုံသာမဟုတ်ဘဲ သယ်ယူ ပို့ဆောင်ပြီး နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ ရောက်ရှိသည် အထိ၊ ပို့ဆောင်ရပြီး၊ အမှိုက် ပုံရောက်သည့်အခါတွင်လည်း အမှိုက်ပုံ မီးလောင်မှုအန္တရာယ် လျော့ပါးရေးအတွက်၊စနစ် တကျစွန့်ပစ်နိုင်ရေး၊ နည်းပညာ များဖြင့် စီမံမှုပြုလုပ်ကာ ဆောင် ရွက်နေကြရကြောင်း၊   မြို့နယ် တာဝန်ခံများကို တာဝန်ခံဆောင် ရွက်ပေးရမည့် ယခုသင်တန်း သား များဖြစ်ကြသည့် ဒုတိယ မြို့နယ် တာဝန်ခံများအနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြို့နယ်တစ်မြို့နယ်၏ အမှိုက် သိမ်းဆည်းမှုလုပ်ငန်းများကို အပိုင်းသုံးပိုင်း ခွဲခြားထားပြီး၊ မိမိဆောင်ရွက်ရသည့်လုပ်ငန်း အပိုင်းတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်မှုရှိစေရေးတို့အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပြီး စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြစ်ကြောင်း‌၊မြို့နယ် တာဝန်ခံအဖြစ် တိုးမြှင့်တာဝန် ပေးအပ်သည့်အခါ မြို့နယ် တာဝန်ခံတစ်ယောက်၏ ဆောင် ရွက်ရမည့် တာဝန်များကို ယခု ကတည်းက ကျွမ်းကျင်စွာ တတ်မြောက်ထားရန် လိုအပ် ကြောင်း၊ထို့ပြင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု Master Plan ရေးဆွဲပြီး ဆောင်ရွက်နေ၍  အမှိုက်သိမ်းဆည်းမှု လုပ်ငန်း များသည် ပိုမိုစနစ်ကျကာ၊ နည်းပညာများ မျှဝေရရှိလာပြီး အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စ ရပ်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ဦးဆောင်ကဏ္ဍအနေဖြင့် ရှိနေ၍ အခြားသော တိုင်းဒေသ ကြီးများနှင့်ပြည်နယ်၊မြို့နယ် များကလည်း လာရောက် လေ့လာ ဆောင်ရွက်နေကြရ ကြောင်း၊ ထို့ကြောင့် သင်တန်း များကို တက်ရောက်သည့်အခါ တွင် အကျိုးရှိသည့်အချိန်ဖြစ်စေ ရန် သင်တန်းဆရာများမြေပြင် တွင် ဆောင်ရွက်ရမည့်လုပ်ငန်း များကိုစာတွေ့နှင့်လက်တွေ့ ပို့ချခြင်းဖြစ်သည့်အတွက် တတ် မြောက်နားလည်အောင်သင်ယူ ရန် လိုအပ်ကြောင်း၊ နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ် ၍ မြို့နယ်၏ အမှိုက်သိမ်း ဆည်းခြင်းလုပ်ငန်းကို ရုံးလုပ် ငန်း၊ မြေပြင်သန့်ရှင်းရေး၊ ယာဉ် စီမံရေးစသည့်လုပ်ငန်း အသီး သီးကို၊ တာဝန်ရှိသူများက ညီညီညွတ်ညွတ် ပူးပေါင်းဆောင် ရွက်မှသာလုပ်ငန်းများ အောင် မြင်ပြီး၊ သန့်ရှင်းသာယာလှပ မည်ဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် အပတ်တကုတ် ကြိုးစားပြီး မိမိ၏စွမ်းရည် များကို မြှင့်တင်ကာ မြို့နယ်၏ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဌာန၏ လုပ်ငန်းတာဝန်များ ကျေပွန်ကာ၊ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ဂုဏ်ကိုဆောင် နိုင်ကြသူများ ဖြစ်ကြပါစေ ကြောင်း" ပြောကြားသည်။


အခမ်းအနားသို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွှန့်ဖေနှင့်  ကော်မတီဝင်များ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှူးနှင့် ဒုတိယဌာနမှူးများ၊ သင်တန်း နည်းပြအရာရှိများနှင့် သင်တန်း သား ၉၈ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ်ကြာမြင့်မည်ဖြစ်သည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ