နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ၊   ဇွန်  ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန် ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်၊ တာဝန်ရှိသူ များလိုက်ပါ၍၊ ယနေ့နံနက်ပိုင်း က၊ မှော်ဘီမြို့နယ်နှင့်လှည်းကူး မြို့နယ်အတွင်းရှိ၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် သို့သွားရောက်၍၊ ဇုန်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ 


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည်၊ နံနက် ၆ နာရီခွဲတွင် လှည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူးရေးအထူးဇုန်၊ ဇုန် ၂ အတွင်း M 5 လမ်းနှင့် C 14 လမ်းဆုံရှိ၊ အထူးဇုန်စီမံ ခန့်ခွဲရေးကော်မတီရုံးသို့ သွား ရောက်၍၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ရုံး အဆောက်အဦနှင့် မျှော်စင် ပြုပြင်နေမှု၊ ရုံးအဝင်မြောင်းကူး တံတားအသစ်တည်ဆောက် ပြီးစီးမှု၊ သန့်စင်ခန်းများပြုပြင် နေမှု၊ ရုံးပတ်ဝန်းကျင်သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ကာ၊ အဆောက်အဦသစ်လွင် စေရေးဆေးသုတ်ရန်၊ မျှော်စင် လှေကားနှင့် ကြမ်းခင်းများ တိုက်ချွတ်ဆေးကြောရန်၊ မျှော်စင် မှပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်ရေး မြင်ကွင်းကွယ် အကိုင်းအခက် များရှင်းလင်းရန်နှင့် မျှော်စင် အောက်ရေမြောင်းအတွင်းရှိ၊ အမှိုက်များရှင်းလင်းရန်တို့ကို မှာကြားပြီးနောက်၊မြို့တော်ဝန် နှင့်အဖွဲ့သည် M5 လမ်း တစ်လျှောက်၊ ပျက်စီးနေသော လမ်းများ ပြုပြင်ဆောင်ရွက်နေမှု၊ ဘေးဝဲ/ယာ ရေနုတ်မြောင်းများ ဆယ်ယူထားရှိမှုနှင့် စိုက်ပျိုး ရေးခြံများအောက်ခြေရှင်းလင်း ကာ၊ စိုက်ပေါင်များ ပေါ်လွင် စေရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ 


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်၊ အထူးဇုန် ၁ဟင်းသီး ဟင်းရွက် လက်ကားဈေးတည် ဆောက်မည့်မြေနေရာသို့သွား ရောက်၍၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က  လက်ကားဈေးအဆောက်အဦ များနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာများကို မြေညှိပြုပြင် နေမှုနှင့် မြေညှိပြုပြင်ရာမှထွက်ရှိ လာသော မြက်ပင်ချုံနွယ်များနှင့် ရေမြောင်းဆယ်ယူရာမှရရှိသည့် ဗေဒါများကို EM Bokashiသဘာဝ မြေဩဇာပြုလုပ်ရန် ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဇုန်အတွင်း စံပြစိုက်ခင်းအဖြစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက် ရန်မှာကြားသည်။ 


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည်၊ ပြည်လမ်းမှညောင် နှစ်ပင်အဝင်၊ ဆတ်သွားတော လမ်းဆုံတွင်၊  အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က မူလအကျယ် ၁၀ ပေကတ္တရာလမ်းကို အရှည် ၆၆၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မ ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနေမှုနှင့် လမ်းဆုံတြိဂံ ကျွန်းပြုပြင်တည်ဆောက်နေမှု ကိုကြည့်ရှုစစ်ဆေးပြီး၊ လုပ်ငန်း များ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ချိန်အတွင်း ပြီးစီး ရေးဆောင်ရွက်ရန် မှာကြား သည်။


အဆိုပါ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်က ထွက်ရှိလာသည့် စားသုံးသီးနှံ များကို၊ ရန်ကုန်မြို့တော်နေပြည်သူ များ သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်ဖူလုံစေရန် ရည်ရွယ်၍၊ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ်နှင့် မှော်ဘီ မြို့နယ်အတွင်း၊ ခရိုင်ချင်းဆက် လမ်း၏မြောက်ဘက်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် ရန်ကုန် - ပြည်လမ်းအကြား၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူ ရေးအထူးဇုန်ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ၊ မှော်ဘီ မြို့နယ်အတွင်းရှိ အထူးဇုန် ၁ တွင် ၃၇၈၀ ဧက၊ မှော်ဘီနှင့် လှည်းကူးမြို့နယ် အစိတ်အပိုင်း များပါဝင်သည့်၊ အထူး ဇုန်  ၂ တွင် ၄၉၀၁ ဧက၊ လှည်းကူး မြို့နယ်အတွင်းရှိ၊ အထူး ဇုန် ၃ တွင် ၃၇၇၂ ဧက မြေနေရာများ၌၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကကြီးကြပ်၍၊ ဇုန်ဖွံ့ဖြိုးရေး အတွက် ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဇုန်အလိုက် အနီးကပ်ကြီးကြပ်ရေးကော်မတီ များဖွဲ့စည်းကာ၊ စိုက်ပျိုးမွေးမြူ ရေးအောင်မြင်ဖြစ်ထွန်းစေရန် တွန်းအားပေးကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 


ထိုမှတစ်ဆင့်၊ ရွှေပြည်သာ မြို့နယ် ပြည်လမ်းနှင့် အမှတ် ၄ လမ်းတို့ ဆက်သွယ်ထားသည့် လှော်ကားလမ်းမကြီး၊ ရဲအကြပ် သင်တန်းကျောင်းအနီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနက ဆောင်ရွက်လျက်ရှိသည့်၊ အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံ (Yangon Waste to Energy Plant)သို့ သွားရောက် ၍၊ ဒုတိယမြို့တော်ဝန်၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များနှင့်အတူ စက်ရုံရှင်းလင်းဆောင်အတွင်း၌၊ ဌာနမှူး ဦးချိုထွန်းအောင်နှင့် စက်ရုံမှူး ဦးကျော်စိုးဝင်းတို့က စက်ရုံလည်ပတ်နေမှုအခြေအနေ များ၊ Waste Receiving and Sorting System, Furnace System, Heat Recovery System, Flue Gas Treatment System, Ash Handing System, Power Generation System, Air Supply and Exhaust System, Water Supply System, Service Facility System, Electrical andControl System တို့ကို ရှင်းလင်းတင်ပြ ကြရာ၊ မြို့တော်ဝန်က လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက် ၍ မြို့တော်ဝန်နှင့်အဖွဲ့သည်၊ စက်ရုံလုပ်ငန်းဆောင်ရွက်နေ မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး၊ စွန့်ပစ်အမှိုက်များ ကိုင်တွယ်လုပ်ကိုင်နေကြရသည့် ဝန်ထမ်းများ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ပေးရေးတို့ကို ဆောင် ရွက်ပေးရန်မှာကြားသည်။


အဆိုပါစက်ရုံကို ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်နိုင်ငံပတ်ဝန်း ကျင်ထိန်းသိမ်းရေးဌာနတို့ ပူးပေါင်း၍၊ မြေဧရိယာ ၁၅ ဧက ပေါ်တွင် ၇၉၄၃၀ စတုရန်း ပေ အကျယ်အဝန်းရှိ စက်ရုံတည် ဆောက်၍၊ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ၊ စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်တွင် စတင်ဖွင့်လှစ်လည်ပတ်ခဲ့ ကြောင်း၊ စက်ရုံလည်ပတ်မှုနည်းစဉ်အနေ ဖြင့် တစ်ရက်လျှင် အမှိုက် တန်ချိန် ၆၀ မီးရှို့ ဖျက်ဆီး နိုင်ပြီး၊ Power Generation အမြင့်ဆုံး (Maximum) 760 kW ထုတ်လုပ်နိုင်၍၊ စက်ရုံလည် ပတ်နိုင်ရေးအတွက်၊ လျှပ်စစ် 400 kW ပြန်လည်သုံးစွဲကာ၊ ကျန်လျှပ်စစ်ဓာတ်အားများကို၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း (YESC)၏ Grid Line အတွင်းသို့၊ထည့်သွင်း ပေးလျက်ရှိရာ၊ တစ်ရက်ပျမ်းမျှ လျှပ်စစ်ပမာဏ 6000 kW (6MWh) ဓာတ်အားဖြည့်ထည့်သွင်း ပေးလျက်ရှိကြောင်းနှင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် စွန့်ပစ်အမှိုက်လျှော့ချ နိုင်ရန်နှင့် ရန်ကုန်မြို့အတွက် လိုအပ်သည့်၊ လျှပ်စစ်ဓာတ်အား များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အမှိုက်က စွမ်းအင်ထုတ်လုပ် သည့်စက်ရုံများ တိုးချဲ့ဆောင် ရွက်သွားရန် ရည်မှန်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - မိုးဝေ / ဓာတ်ပုံ - သွင်မောင်မောင်/ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ