နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများ ကြည့်ရှုအားပေး

ရန်ကုန် ၊   ဇွန်  ၂၂


လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအုပ်ချုပ်မှုအောက်ရှိဝန်ကြီး ရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပို ရေးရှင်းများက ဝန်ထမ်းများ အား ဝန်ကြီးဌာနအစီအစဉ်ဖြင့် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးပေးခြင်း၊ကုသ ပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ဝန်ထမ်း ၁၂၈၇ ဦးအနက် ဝန်ထမ်း ၄၁၁  ဦးအား ဇွန် ၂၁ ရက်နေ့တွင် စုဝေးခန်းမ၌ ထိုးနှံ ပေးကြသည်။


ထိုသို့ ဆေးထိုးနှံပေးနေမှု များကို လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအား ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ဝန်ထမ်းများအား ဇွန် ၂၈ ရက် နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ