နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှော်ဘီတွင် ကျပ်လေးဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ရန်ကုန်  ဇွန် ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်တွင် ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂  သိန်းကျော် ဖမ်းဆီးရမိကြောင်း သိရ သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာ၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်မင်း၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ၊  ခြံစောင့် ခင်မောင်ထွန်းနှင့် ကိုကိုနိုင်တို့နှစ်ဦးနှင့် အတူနေအိမ်မှ သနပ်ခါးဘူးများ၊ ဇီးသီးထုပ်များနှင့် အုန်းသီးခြောက် များအတွင်း ထည့်သွင်းသိုဝှက်ထား သည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၂ ဒသမ ၁ သိန်း သိမ်းဆည်းရမိကြောင်း သိရသည်။


စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင် အောင်မင်းသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ် တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်၊ မြို့မကညင်တန်းကျေးရွာ၌ စိတ် ကြွရူးသွပ်ဆေးပြား ၁၄၇၇၅၀ ပြား ဖမ်းဆီးရမိမှုက ကွင်းဆက်တရားခံ ပြေးတစ်ဦးဖြစ်၍၊ ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်တွင် မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း သိရှိရ  ပြီး ၎င်းတို့အား ဥပဒေအရ အရေး ယူ၍၊ ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်နေ ကြောင်း သိရသည်။


AKO






အခြားဆက်စပ်သတင်းများ