နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇောင်းတူးဓာတ်အားပေးစက်ရုံနှင့် အထက်ပေါင်းလောင်းဓာတ်အားပေး စက်ရုံများ အဆင့်မြှင့်တင်

ရန်ကုန်၊  ဇွန် ၂၂


၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း ဇောင်းတူး ဓာတ်အားပေးစက်ရုံနှင့် အထက်ပေါင်းလောင်း ဓာတ်အားပေး စက်ရုံများက စက်များကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။


အဆိုပါ ဆောင်ရွက်မှုများအရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ဇောင်းတူရေ အားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် နေပြည်တော်  ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင် အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည် ဆောက်ထားသည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စက်ရုံများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် စီစဉ် ဆောင်ရွက်ကြောင်း သိရသည်။


ဇောင်းတူးရေအားလျှပ်စစ် စက်ရုံ ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီတွင် စတင် တည် ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မတ် ၂၂ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ၁၀ မဂ္ဂါဝပ် စက် ၂ လုံးတပ်ဆင်ကာ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။


ထို့အတူ အထက်ပေါင်းလောင်း ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံ ကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး စက် တပ်ဆင်အင်အား ၇၀ မဂ္ဂါဝပ်အင်အားရှိ စက် ၂ လုံး တပ်ဆင်ကာ စုစုပေါင်းလျှပ် စစ်ဓာတ်အား ၁၄၀ ထုတ်လုပ်ပေး ကြောင်း သိရသည်။


ယခုအခါ ဇောင်းတူးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ စက်တစ်လုံး အား Excitation System အဆင့်မြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စက်ရုံ၏ စက်တစ်လုံးကိုလည်း Exci-tation System အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။       

CN-031






အခြားဆက်စပ်သတင်းများ