နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့ခန္ဓာကိုယ်အရေပြား

လူ့ခန္ဓာကိုယ်အရေပြားဟာ ကိုယ့်ခန္ဓာ       ကိုယ်ကာကွယ်မှုပေးတဲ့ကြားခံဖြစ်တယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ပိုးတွေဟာ ပတ်ဝန်းကျင် မှာ ဒုနဲ့ဒေးရှိတယ်။ မမြင်နိုင်လို့သာ ပိုးရှိမှန်းမသိ တာပါ။ ကြောက်ရကောင်းမှန်းမသိကြဘူး၊ အရေပြားပေါက်ပြဲပြီးနောက် ပိုးဝင်ရောင်ရမ်း လာမှသိနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘက်တီး ရီးယားတွေရှိတယ်။ ပြင်ပဝတ္ထုပစ္စည်းတွေရှိ တယ်။ ဓာတုပစ္စည်းတွေရှိတယ်။ နေရောင်ခြည် မှာပါတြ့ ခရမ်းလွန်ရောင်ခြည်ရှိတယ်။ 


အရေ ပြားဟာ ခန္ဓာကိုယ်ကို ပိုးတွေမဝင်ရအောင် ကာကွယ်ပေးထားတယ်။ အရေပြားဟာရေမစို ရင်၊ လျှပ်လိုက်ပစ္စည်းခန္ဓာကိုယ်အရည်တွေကို လည်း အပြင်ဘက်ရောက်ရှိမသွားစေဖို့ထိန်း ထားပေးတယ်။


အရေပြားဟာခန္ဓာကိုယ်အပူချိန်ကို ပုံမှန် ဖြစ်အောင်ထိန်းထားပေးတယ်။ နွေရာသီ ရောက်လို့ နေပူပြင်းတဲ့အချိန်ချွေးထွက်ကြ တယ်။ ဒါကအရေပြားလုပ်ဆောင်ချက်ဖြစ် တယ်။ ချွေးထွက်များတော့ခန္ဓာကိုယ်အေးသွား တယ်။ ဆောင်းရာသီရောက်တဲ့အခါ အရေပြား ဟာ ခြေတွေလက်တွေသွေးထောက်ပံ့မှုကန့် သတ်ပေးလိုက်တယ်။ အရေပြားမှာနာကျင် မှုသိရှိခံစားလွယ်ကာ လက်ခံနိုင်တဲ့နေရာရှိနိုင် တယ်။ ခြေလက်အင်္ဂါထိခိုက်မိရင်နာကျင် တယ်။ နာကျင်တယ်ဆိုတာသိရင် ဆက်မလုပ် တော့ဘူး။ တီဗီတို့၊ ရေခဲသေတ္တာတို့ မီး အတက်အကျကြောင့် မပျက်စီးချင်လို့ ဆေ့ဂတ်ခံ ပေးတဲ့သဘောဖြစ်တယ်။ မီးအား တက်မယ်၊ ကျမယ်ဆိုရင် လျှပ်စီး မီးမဝင် တော့ဘူး၊ အရေပြားကသေလောက်တဲ့ ထိခိုက် ဒဏ်ရာဖြစ်ပွားခြင်းမှ ကာကွယ်ပေးထားပါ တယ်။


အရေပြားကိုကွဲပြားခြားနားတဲ့ အလွှာသုံး လွှာနဲ့တည်ဆောက်ထားတယ်။ မြင်ရတဲ့အပေါ် ဆုံးအလွှာအက်ပီဒါးမစ်၊ အလယ်ကဒါးမစ်၊ အောက်ဆုံးအလွှာက ဆပ်ကျူးတပ်အလွှာဖြစ် တယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားတဲ့ အရေပြားကို ဖြန့်လိုက်ရင် နှစ်စတုရန်းမီတာရှိ တယ်။ အထူဆုံးဖြစ်တဲ့ခြေဖဝါးမှာ အရေပြား ဟာ တစ်လက်မရဲ့ ရှစ်ပုံတစ်ပုံလောက်ထူတယ်။ အရေပြားရဲ့ အလေးချိန်က လေးကီလို (ကိုးပေါင်)လောက်လေးတာကြောင့် စုစုပေါင်းအလေးချိန်ရဲ့  ၇ ရာခိုင်နှုန်းလောက်ရှိပါတယ်။


အပေါ်ဆုံးအလွှာအက်ပီဒါးမစ်ဟာ ဇီဝရုပ်ဖြစ် ပျက်မှုအရအင်မတန်တက်ကြွတဲ့အလွှာဖြစ် တယ်။ အက်ပီဒါးမစ်ဆဲလ်တွေဟာ ဖြစ်ပျက်မှုမြန် ဆန်ကြတယ်။ အပေါ်ဆုံးအလွှာကနေအရေပြား ဆဲလ်တွေရဲ့ရောင်ခြည်တွေကိုထုတ်လုပ်ပေးတယ်။ အက်ပီဒါးမစ်ရဲ့ ပိုပြီးအပြင်ဘက်ကျတဲ့ အလွှာက စထရတစ်ကော်နီယံအလွှာဖြစ်တယ်။ သူရဲ့မူရင်း နေရာက အက်ပီဒါးမစ်နဲ့ အတွင်းဘက်မှာဖြစ် တယ်။ တစ်လလောက်ကြာတဲ့အချိန်အတွင်းဘက် ကနေအပြင်ဘက်ရောက်လာတယ်။ မူလဆဲလ် တွေလုံးဝန်းကြပြီး သူတို့မှာ အပြည့်အဝအလုပ် လုပ်တဲ့ဆဲလ်ဝတ်ဆံတွေရှိကြတယ်။ တဖြည်း ဖြည်းနဲ့အပေါ်လွှာဆက်တက်လာရင် ညှိုးနွမ်း သွားပြီး ပြားချပ်ချပ်ဖြစ်သွားတယ်။ ဆဲလ်ဝတ်ဆံ ကလည်း စတင်ပျက်စီးတယ်။ ဆဲလ်သေများအရေ ပြားမျက်နှာပြင်ပေါ်ရောက်တဲ့အခါ ပြားချပ်တဲ့ အကြေးခွံဖြစ်သွားတယ်။ အသုံးမတည့်တဲ့အကြေး ခွံဆဲလ်မဟုတ်ကြဘူး။ နောက်ဆုံးထိကာကွယ် ပေးတယ်။


အရေပြားကြည့်လိုက်တဲ့အခါ စထရေတစ် ကော်နီယာပဲဖြစ်တယ်။ သည်လိုခြောက်သွေ့ပြီး ပြားချပ်တဲ့အရေပြားဆဲလ်တွေဟာ အဆီဓာတ် ပေါင်းတွေနဲ့ ရောသမပြီး နံရံအလွှာလိုက်အလွှာ လိုက်ဖြစ်အောင်တည်ဆောက်ကြတယ်။ ခန္ဓာ    ကိုယ်ကိုကာကွယ်ပေးထားတဲ့အရေပြားဆဲလ် အလွှာက ၁၈ လွှာကနေ ၂၃ လွှာအထိရှိတယ်။ အရေပြားကိုထိန်းသိမ်းစောင့်ရှောက်မှုရဲ့ ဘယ် နည်းစနစ်မှာမဆိုနံရံအလွှာတွေ ထူနိုင်သမျှထူ အောင်ထိန်းသိမ်းဖို့ရည်ရွယ်လုပ်ဆောင်မှုရှိတယ်။ အရေပြားတစ်ထောင့်စာက လူဖြူလူမည်းကွဲပြား သွားသလို အရေပြားရဲ့ ကောင်းခြင်းလည်းဖြစ်စေ တယ်။


အရေပြားရဲ့ စထရေတစ်ကော်နီလမ်က လွယ် လင့်တကူထိခိုက်ပျက်စီးနိုင်တယ်။ နေရောင် ခြည်က ထိခိုက်စေသလို သန့်စင်ရာမှာအသုံးပြု တဲ့ ကြေး(ချေး)ချွတ်ဆေးရည်ဆပ်ပြာစတာတွေ ပျက်စီးစေနိုင်တယ်။ 


အရေပြားအောက်ဖက်ဆဲလ် အသစ်တွေက အရေပြားမျက်နှာပေါ်ထိတက် လာတယ်။ သစ်လွင်နဲ့ဆဲလ်အသစ်တွေက ဆဲလ် အဟောင်းနေရာကို အဆင့်ဆင့်တာဝန်ယူကြ တယ်။ ဘဝတစ်လျှောက်ကိုယ်ပြုလုပ်ခဲ့ပြီး ပျက်စီးကွာကျသွားတဲ့အရေပြားဆဲလ်တွေ ကီလိုသန်း ပေါင်းများစွာရှိတယ်၊ အရေပြားဆဲလ်ကွာကျသွား တဲ့ဖြစ်စဉ်ကို ဒက်စ်ကွာမေးရှင်းလို့ခေါ်တယ်။


အက်ပီဒါးမစ်မှာပါရှိတာကပင့်ကူနဲ့တူတဲ့မယ် လနိုစိုက်ရောင်ခြည်ဆဲလ်တွေဖြစ်တယ်။ ရောင် ခြည်ဆဲတွေဟာ အသားရောင်ဖြစ်စေတဲ့ မယ်လ နင်ခေါ်သဘာဝရောင်ခြည်ကို ထုတ်လုပ်ပေး တယ်။ လူတိုင်းရောင်ခြည်ဆဲလ်အတူတူပါရှိ တယ်။ အသားရောင်ကွာခြားမှုက အာဟာရပေါ် မှာ နေရာဒေသပေါ်မှာမူတည်ပါတယ်။ ကိုယ် ထုတ်ပေးမယ့် မယ်လနင်ပမာဏပိုများလေ အသားရောင်ပိုမည်းလေဖြစ်တယ်။ နေရောင်ခြည် ဒဏ်ကို ပိုခံနိုင်တယ်။ အမည်းဆုံးအရေပြားဟာ နေရောင်ခြည်ကာကွယ်မှု ၁၀ ဆလောက်ပေးနိုင် တယ်။


ဒါးမစ်အလွှာမှာကိုလာဂျင်၊ အီလက်စတင်တို့ ပါရှိတာကြောင့် အက်ပီဒါးမစ်အလွှာကို အောက် ကနေအထောက်ကူပေးတဲ့ရေမြုပ်လိုအလွှာဖြစ် တယ်။ သုံးမီလီလီတာလောက်ထူတဲ့ ဒါးမစ်အလွှာ ဟာ အရေပြားရဲ့အဓိကအုတ်မြစ်ဖြစ်တယ်။ဒါး မစ် ၉၅ ရာခိုင်နှုန်းလောက်ကို ကိုလာဂျင်နဲ့တည် ဆောက်ထားတယ်။ ကိုလာဂျင်ဟာ ခန္ဓာကိုယ်ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ရော့အက်ဇောဘာဖြစ် တယ်။ ကိုလာဂျင်ကို ခန္ဓာကိုယ်မှာအရေပြားနဲ့  ကြွက်သားကနေ အရွက်ကြောတွေအရိုးနုပြား တွေအထိတွေ့ရပါတယ်။


အီလက်စတင်က ဒါးမစ်ရဲ့ သုံးရာခိုင်နှုန်း လောက်ပြုလုပ်ပေးထားတယ်။ အီလက်စတင် ကဆွဲဆန့်လို့ရပါတယ်။ သူ့မှာပါတဲ့အမျှင်တွေက ကျုံ့နိုင်ဆန့်နိုင်ကာ အရေပြားကိုရွေ့လျားပြီး နောက်ပိုင်း သူ့နေရာအတိုင်း ပြန်ရောက်စေတယ်။ လက်တွေ့နားလည်ချင်တယ်ဆိုရင် လက်ဖမိုးမှာ ရှိတဲ့ အရေပြားကို ဆန့်ပြီး ပြန်လွှတ်ကြည့်ရင် နဂိုအတိုင်းပြန်ရောက်စေတယ်။


အမွှေးအမျှင်တွေရဲ့ မွေးညှင်းတွင်းဟာ ဒါးမစ်ရဲ့ အနက်အတိုင်းရှိကြတယ်။ မွေးညှင်း တွင်းနဲ့အတူအဆီကျိတ်တွေနဲ့ ချွေးအကျိတ်တွေ ဒါးမစ်အလွှာထဲမှာရှိကြတယ်။ အဆီကျိတ်တွေ ဟာ မွေးညှင်းတွင်းရဲ့ ဘေးမှာပဲကပ်လျက်တည် ရှိနေပြီး သွေးထောက်ပံ့မှုမျှဝေယူကြတယ်။ အဆီကျိတ်တွေက ဆီဘမ်ခေါ်အဆီကို ထုတ် လုပ်ပေးတယ်။ ဆီဘမ်ဟာသဘာဝထွက်ပေါက် ဖြစ်တဲ့ အမွေးအမျှင်ရဲ့အတွင်း ပြွန်ကနေအရေ ပြားအပေါ်ယံကို ရောက်ရှိသွားတယ်။ အရေပြား ကို ဆီသုတ်ပေးသလိုဖြစ်ပြီး စိုထိုင်းမှုဆုံးရှုံးခြင်း ကနေ ကာကွယ်ပေးတယ်။ 


ချွေးအကျိတ်တွေက ပိုလျှံနေတဲ့ဆားတွေနဲ့ အဆိပ်အတောက်တွေစုပ် ယူနိုင်တယ်။ ရေနဲ့ဆေးထုတ်ပစ်လိုက်တယ်။ ဒုတိယချွေးကိုထွက်ပြီး ပူနေတဲ့ခန္ဓာကိုယ်ရဲ့အပူ ချိန်လျှော့ချပေးတယ်။


ဒါးမစ်အလွှာကသူ့ရီဆက်တာကော်ပတ် ကယ်လက်ခံနေရာရှိတယ်။ လက်ခံနေရာတွေက အာရုံသိမှုနဲ့သက်ဆိုင်တယ်။ ထိတွေ့မှု၊ တုန်ခါမှု၊ ဖိအားနဲ့ ပူပြင်းခံစားမှု၊ အေးခြင်းခံစားမှုတွေကို သိရှိကာ အာရုံခံနေရာတွေရှိလို့ဖြစ်တယ်။


အပီဒါးမစ်အတွက် ဒါးမစ်ဟာစားနပ်ရိက္ခာ ထောက်ပံ့တဲ့နေရာကောင်းတစ်ခုဆိုရင် မမှားပါ ဘူး။ ဒါးမစ်ဟာ အာဟာရဓာတ်တွေ၊ ဗီတာမင် တွေနဲ့ ထိရောက်တဲ့ကြားခံနေရာဖြစ်စေရေး အတွက် လိုအပ်မယ့် ဓာတုပစ္စည်းတွေကို အက်ပီ ဒါးမင်းအလွှာထိပို့ပေးတယ်။ ဒါးမစ်ဟာအရေ ပြားရဲ့ ပြုပြင်မွမ်းမံမှုရောဂါပြီ စနစ်၊ အာရုံခံသိမှု စနစ်တွေကို အသက်ဝင်အောင်လုပ်ဆောင်ပေး တယ်။ ခန္ဓာကိုယ်ပါနေရာကြောင့် ထိခိုက်မှုကာ ကွယ်တယ်။             ။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ