နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်

ရန်ကုန်  ဇွန်  ၂၂


ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း) ရှိ ဝန် ထမ်းများက ပြည်သူ့ဆက်ဆံ ရေးကို သိရှိနားလည်ပြီး လုပ် ငန်းခွင်လက်တွေ့ ဆောင်ရွက် ရာတွင် အထောက်အကူပြုစေ ရန်၊ ပြည်သူလူထုအားထိရောက် သည့် ဝန် ဆောင်မှုကောင်း များပေးနိုင်ရန်အတွက်၊ပြည် သူ့ဆက်ဆံရေး သင်တန်းကို ဇွန် ၂၀ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်း လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန် အနောက်ပိုင်း) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အဆိုပါသင်တန်းသို့ရန်ကုန် တိုင်းဒေသကြီး၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်နှင့် တာဝန်ရှိသူ များ၊ သင်တန်း ဆရာများ၊ သင် တန်းသူ၊ သင်တန်းသားများ နှင့်ဖိတ်ကြားထားသူများတက် ရောက်ကြသည်။


သင်တန်းတွင် ရန်ကုန်တိုင်း ဒေသကြီး ကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန် ကြားရေးမှူး ဦးသိန်းထွဋ်က အဖွင့်အမှာ စကားပြောကြား ရာတွင် မိမိတို့ဌာနသည်ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့‌ ဆောင်ရွက်နေသောဌာနဖြစ်ပါ ကြောင်း၊ မိမိတို့ဌာနရှိ ဝန်ထမ်း များသည်အများ ပြည်သူအား ဝန်ဆောင်မှုများ ပေးရာတွင် ထိရောက်သည့် ဝန်ဆောင်မှု ကောင်းများပေးနိုင်ရန် အတွက် ပြည့်သူ့ဆက်ဆံရေး သင် တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းတွင် သင် ကြားပို့ချပေးသော ဘာသာရပ် များကို သေချာစွာကြိုးစား သင်ယူပြီးမိမိတို့ လုပ်ငန်းခွင် ရှိအများပြည်သူများနှင့်ပြောဆို ဆက်ဆံရာတွင် ကောင်းမွန် သော ဝန်ဆောင်မှုကောင်းများ ဖြင့် ဆောင်ရွက်စေလိုပါ ကြောင်း သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အများ ပြည်သူတို့အတွက် ဝန်ဆောင် မှုကောင်းများပေးနိုင်ရန်ဆက် လက် ဆည်းပူးလေ့ကျင့်ဆောင် ရွက်သွားကြ‌စေလိုပါကြောင်း ပြောကြားသည်။


ဆက်လတ်၍ ပြန်ကြားရေး နှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီး ဌာန ရန်ကုန်အနောက်ပိုင်း ခရိုင် လက်ထောက် ညွှန်ကြာရေးမှူး ဒေါ်စန္ဒာမိုးက သင်တန်းသူ၊ သင်တန်းသားများကိုပြည်သူ့ ဆက်ဆံရေး  PR ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ PR စနစ်ဖြင့် ထိရောက်စွာ အသုံးချနိုင်မည့် နည်းလမ်းများ၊ ဆောင်ရွက် ရမည့် နည်းလမ်းများ၊ပြည်သူ့ ဆက်ဆံရေး၏ အဓိပ္ပာယ်၊ ပြည်သူကိုဗဟိုပြုသော အများ ပြည်သူဝန်ဆောင်မှု လုပ်ငန်း များအကြောင်းတို့ကို အသေး စိတ် ဆွေးနွေးဟောပြောသည် ။


ထို့နောက် သင်တန်းသူ၊ သင်တန်းသားများက မိမိတို့ သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန် လည်ဖြေဆိုခဲ့ကြောင်း သိရှိရ သည်။


အဆိုပါ သင်တန်းသို့ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာန ၊ခရိုင်ရုံးရန်ကုန် အနောက်ပိုင်းဌာန မှ အရာ ထမ်း, အမှုထမ်းသင်တန်းသူ၊ သင်တန်းသား ၅၆ ဦးတက် ရောက်ခဲ့ကြောင်း သိရှိရသည်။


အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ