နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဒဏ်ဘင်္ဂလားဒေ့ရှ် ခံစားနေရ

ဒါကာ၊ ဇွန် ၂၂


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရေကြီး ရေလျှံမှုများကြောင့် နိုင်ငံ၏ထက်ဝက် နီးပါးသည် ရေလွှမ်းမိုးမှုဒဏ်များကို ခံစားနေရပြီး နိုင်ငံ‌အရှေ့မြောက်ပိုင်း နိမ့်ပါးသည့် ဒေသများတွင် လူပေါင်း သန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်လျက်ရှိသည်။


ရေကြီးရေလျှံမှုများအတွင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်ရန် သောင်းချီသည့် ရဲတပ်ဖွဲ့ဝင် များ၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ တပ်ဖွဲ့ ဝင်များနှင့် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများကို နိုင်ငံတစ်ဝှမ်း ဖြန့်ကျက် ချထားကြောင်း ဘင်္ဂလားဒေ့ရှ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ကယ် ဆယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Md Kamrul Hasan က ပြောသည်။


ရေကြီးမှုကြောင့် နေအိမ်ထောင် ပေါင်းများစွာ ရေနစ်မြုပ်ပြီးလျှပ်စစ် မီးများလည်း ပြတ်တောက်လျက်ရှိ ကြောင်း၊ Sunamganj နှင့် Sylhet ခရိုင်များကို ဖြတ်သန်းစီးဆင်းနေ သည့်အဓိကျသည့် Surma မြစ်သည် တစ်စက္ကန့်လျှင် ကုဗမီတာ ၁၀၀ ကျော် အထိစီးဆင်းပြီး ကမ်းပါးများလည်း ပြိုကျလျက်ရှိသည်။ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခရိုင် ၆၄ ခုအနက် ခရိုင် ၂၈ ခုသည် ပြီးခဲ့သည့် သီတင်းပတ်မှစတင်ပြီး လက်ရှိအချိန် ထိ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွားနေကာ နိုင်ငံအတွင်းရှိ မြစ်ကြီး အများစုသည် အန္တရာယ်ရှိသည့် အဆင့် အထိ မြင့်တက်လာနေသည်။ 

 (ref: CNN)






အခြားဆက်စပ်သတင်းများ