နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင် နာမည်ကျော် ရေပေါ်စားသောက်ဆိုင်ကြီး တောင်တရုတ်ပင်လယ်အတွင်း နစ်မြုပ်

ဟောင်ကောင်၊ ဇွန် ၂၂


ဟောင်ကောင်တွင် ခရီးသွားများ ကိုဆွဲဆောင်သော နေရာအဖြစ် နာမည် ကြီးသော Jumbo ဟုခေါ်သည့် ရေပေါ် စားသောက်ဆိုင်ကြီးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန် ရက်ပိုင်းက တောင်တရုတ်ပင်လယ်တွင် နစ်မြုပ် သွားကြောင်း အာဏာပိုင်များက ဇွန် ၂၁ ရက်တွင် အတည်ပြုထုတ်ပြန် သည်။


အဆိုပါ ရေပေါ်စားသောက်ဆိုင် ကြီးသည် Paracel ကျွန်းစုများအနီး နစ်မြုပ်သွားခြင်းဖြစ်ပြီး ယင်းကို ပြန်ဆယ်ရန် ကြိုးစားနေသော်လည်း ရေအနက်သည် ၁,၀၀၀ မီတာကျော် သောကြောင့် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။ ဆယ်စုနှစ်တစ်ခုအတွင်း ငွေကြေးအားဖြင့် ရုန်းကန်ခဲ့ရသော အဆိုပါရေပေါ်စားသောက်ဆိုင်ကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင် လုံးဝ ပိတ်လိုက်ရပြီး ဝင်ငွေမရသည်မှာ ၂၀၁၃ ခုနှစ်ကတည်း ကဖြစ်ကာ စုစုပေါင်း ဆုံးရှုံးမှုသည် ဒေါ်လာ ၁၂ ဒသမ ၇ သန်းခန့်ရှိကြောင်း သိရသည်။ 


နှစ်စဉ်နှစ်တိုင်း ထိန်းသိမ်းခအဖြစ် ကုန်ကျမှုများပြားသော ထိုစားသောက် ဆိုင်ကြီးကို စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကလည်း လက်လွှဲ ယူရန်ငြင်းဆန်ကြပြီး လိုင်စင်သည် ဇွန်တွင် သက်တမ်းကုန်မည်ဖြစ်သော ကြောင့် နှစ်ပေါင်း ၅၀ နီးပါးကမ်းကပ်ခဲ့ သောဟောင်ကောင်ဆိပ်ကမ်းမှ ထွက် ခွာခဲ့ရာ ထွက်ခွာပြီး ရက်ပိုင်းအကြာ ယခုကဲ့သို့ နစ်မြုပ်သွားခြင်း ဖြစ်သည်။ 


အဆိုပါ ရေပေါ်စားသောက်ဆိုင် ကြီးကို ကွယ်လွန်သူ ကာစီနိုသူဌေးကြီး Stanley Ho က ၁၉၇၆ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်းအကုန်ကျခံ၍ ဖွင့်လှစ်ခဲ့ပြီး တရုတ်နန်းတော်သဖွယ် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ 

(ref: AFP)






အခြားဆက်စပ်သတင်းများ