နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဲခေါင်မြစ်အတွင်း ကမ္ဘာ့အကြီးဆုံး ရေချိုငါးကြီးကမ္ဘောဒီးယားရွာသားများ ဖမ်းမိ

ဖနွမ်းပင်၊ ဇွန် ၂၂ 


မဲခေါင်မြစ်အတွင်း  ခရစ္စတင်း ဘိုရာမီဟုခေါ်သည့် ကမ္ဘာ့အကြီးဆုံး ရေချိုငါးကြီးကို ကမ္ဘောဒီးယား ရွာသား များက ဖမ်းဆီးရမိထားကြောင်း ဇွန် ၂၁ ရက်တွင် ဒေသတွင်းမီဒီယာများ၌ ဖော်ပြသည်။


လေးမီတာ ၁၃ ပေ ရှည်လျားပြီး အလေးချိန် ၃၀၀ ကီလိုဂရမ် ၆၆၁ ပေါင်ရှိသည့် ငါးပုစွန်တစ်ကောင်ကို ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းမြစ် ကမ်းတစ်လျှောက်ရှိ Koh Preah ကျွန်းအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ် သည်။


အဆိုပါ ကမ္ဘာ့အကြီးဆုံးရေချိုငါး ကြီးကို သိပ္ပံပညာရှင်များက ငါး၏လှုပ် ရှားမှုများနှင့် အပြုအမှုများကိုစောင့် ကြည့်လေ့လာရန်အတွက်  အီလက် ထရွန်းနစ်စနစ်နှင့် အမှတ်အသားပြု လုပ်ပြီး မြစ်ထဲသို့ ပြန်လွှတ်ပေးလိုက် ကြောင်း သိရသည်။ ယခုတစ်ကြိမ် ဖမ်းဆီးရမိသည့် ဘိုရာမီ ငါးကြီးသည် ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း တွင် ဖမ်းမိခဲ့သည့် ၂၉၃ ကီလိုဂရမ် အလေးချိန်ရှိ ဧရာမငါးခူတစ်ကောင်နှင့် စံချိန်တူ ဖြစ်နိုင်ကြောင်း ရွာသားများက ခန့်မှန်းပြောဆိုသည်။ 


မဲခေါင်မြစ်သည် ကမ္ဘာ့တတိယ မြောက် ငါးမျိုးကွဲအများဆုံးရှိသည့် မြစ် တစ်ခုဖြစ်သော်လည်း ငါးအလွန်အကျွံ ဖမ်းဆီးခြင်း၊  လေထုညစ်ညမ်းခြင်း၊ မြစ်ရေ နောက်ကျိလာခြင်းများကြောင့် ငါးမျိုးစိတ်များရှင်သန်ရန် ခက်ခဲလာ သည်။      (ref: Reuters)






အခြားဆက်စပ်သတင်းများ