နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်တွင် ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသား ငါးဦးကို တာလီဘန်များ ပြန်လွှတ်

ကဘူးလ်၊  ဇွန် ၂၂


ခြောက်လကြာ ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသား ငါးဦးကို တာလီဘန် များက  ပြန်လွှတ်ပေးလိုက်ကြောင်း တာလီဘန် တာဝန်ရှိသူများက ဇွန် ၂၁ ရက်တွင် အတည်ပြုလိုက်သည်။


အဆိုပါ ဗြိတိန်နိုင်ငံသားများသည် အာဖဂန် ဥပဒေများနှင့် ဓလေ့ထုံးစံများ ကိုချိုးဖေါက်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်း တာလီဘန်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Muja-hid က ယင်း၏တွစ်တာတွင် ရေးသား ထားသည်။ ဗြိတိန်နှင့် တာလီဘန်များ ကြားဆွေးနွေးညှိနှိုင်းမှု အကြိမ်ကြိမ် ပြုလုပ်ကြပြီးနောက် ဗြိတိန်နိုင်ငံသား ငါးဦးကို ပြန်လည်လွှဲပြောင်းပေးလိုက် ခြင်းဖြစ်ကြောင်း Mujahid က ဆိုသည်။ 


ဗြိတိန်နိုင်ငံသားများသည် အာဖဂန် ယဉ်ကျေးမှု ၊  ဥပဒေ နှင့် ဓလေ့ထုံးစံများ ကိုချိုးဖေါက်ခဲ့သည့်အတွက် ယင်းတို့၏ မိသားစုများကိုယ်စား  တောင်းပန်လို ကြောင်းနှင့် ထပ်မံမဖြစ်စေရန် အာမ ခံကြောင်း၊ ယခုဖြစ်ရပ်အတွက်စိတ်မ ကောင်းဖြစ်ရကြောင်း ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး Elizabeth Truss က ပြောသည်။ ပြန်လွတ်လာသူ ဗြိတိန် နိုင်ငံသားငါးဦး၏ အမည်စာရင်းကို ဗြိတိန်အစိုးရက ထုတ်ပြန်ခြင်း မရှိသကဲ့ သို့ တာလီဘန်များကလည်း ထုတ်ဖော် ပြောဆိုခြင်းမရှိကြောင်း သိရသည်။

 (ref: AP)






အခြားဆက်စပ်သတင်းများ