နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် ရုရှားရေနံ စံချိန်တင်ဝယ်ယူ

မော်စကို၊  ဇွန် ၂၂


၂၀၂၂ ခုနှစ်အတွင်း ရုရှားက တရုတ်သို့ ရေနံတင်ပို့မှုသည် ယမန်နှစ်အစောပိုင်း ကာလထက် ၅၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်နေပြီး ရုရှားသည် တရုတ် အတွက် ရေနံအများဆုံးရောင်းချသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနေကြောင်း သိရသည်။


အရှေ့ဆိုက်ဘေးရီးယားပစိဖိတ်သမုဒ္ဒရာရှိ ရေနံပိုက်လိုင်းမှတစ်ဆင့် တင်ပို့ မှုနှင့်ရုရှား၏ အရှေ့ဖျားဆိပ်ကမ်းများမှတစ်ဆင့် သင်္ဘောဖြင့်ပို့ဆောင်သည့် ရေနံ စိမ်းပမာဏသည် ငါးလတာအတွင်း တန်ချိန် ၈ ဒသမ ၄၂ သန်းရှိကြောင်းတရုတ် အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာန၏ စာရင်းများအရ သိရသည်။ 


ရုရှားက တရုတ်သို့ မေလအတွင်းတင်ပို့သည့် ရေနံပမာဏသည် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၉၈ သန်းနှင့်ညီမျှပြီး အနောက်နိုင်ငံများက ရုရှားအပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ပြီးနောက် အနောက်နိုင်ငံရေနံကုမ္ပဏီများသည် ရုရှားနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်မှု ရပ်ဆိုင်းလိုက်ရာ ရုရှားသည် ရေနံများကို ဈေးလျှော့ရောင်းချခဲ့ရပြီး တရုတ်နိုင်ငံပိုင် ရေနံသန့်စင်ကုမ္ပဏီကြီး Sinopec နှင့်နိုင်ငံပိုင် Zhenhua Oil ကုမ္ပဏီတို့သည် ရုရှားထံက လျှော့စျေးဖြင့် ပိုမိုဝယ်ယူ လာခြင်း ဖြစ်သည်။


လက်ရှိတွင် ရုရှားသည် တရုတ်သို့ ရေနံအများဆုံး တင်ပို့သည့်နိုင်ငံအဖြစ် ၁၉ လအကြာတွင် ပြန်လည်ရောက်ရှိလာသည်။ အီရန်နှင့် ရုရှားမှတင်ပို့သည့် ရေနံများသည် ဘရာဇီးလ်ကတင်ပို့သည့် ရေနံများထက် ဈေးပိုမို သက်သာနေခြင်း ကြောင့် ယခုလပိုင်းများအတွင်း တရုတ်သည် အီရန်နှင့် ရုရှားတို့ထံက ရေနံပိုမို ဝယ်ယူလာသည်။      (ref: CNA)






အခြားဆက်စပ်သတင်းများ