နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်-မန္တလေးရထားလမ်းသစ် စီမံကိန်းတွင် တံတား၁၂၄ ခုနှင့် ဥမင်လိုဏ်ခေါင်း ၆၀ ခုပါဝင်မည်

ရန်ကုန် ဇွန် ၂၂


မူဆယ်-မန္တလေးရထား လမ်းသစ်ဖောက်လုပ်ရေး စီမံ ကိန်းအတွင်း တံတား ၁၂၄ ခုနှင့် ဥမင်လိုဏ်ခေါင်း ၆၀ ခု အပါ အဝင် ဓာတ်အားခွဲရုံများတည် ဆောက်ခြင်း၊ လျှပ်စစ်ဓာတ် အား လိုင်းသွယ်တန်းခြင်းတို့ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အချက်အလက်များ ကို သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှု လေ့လာဆန်းစစ်ခြင်း အနှစ်ချုပ်အစီအရင်ခံစာတွင် ဖော်ပြထားပြီး၊ တည်ဆောက် မည့် တံတားအသစ် ၁၂၄ စင်း အနက် ရွှေလီမြစ်တံတား၊နမ်မ မြစ်တံတား၊ နမ်တူမြစ်ငယ် တံတားနှင့် ဂုတ်ထိပ်နမ်ဘန် တန်နှစ်လမ်းသွား တံတားတို့ ကို အဓိက မဟာတံတားကြီးများ အဖြစ် တည်ဆောက်မည်ဖြစ် ကြောင်းသိရသည်။


တည်ဆောက်ရေးကာလ မှာ ရွှေလီမြစ်နှင့်နှစ်လမ်းသွား တံတားကို အချိန် ၂၆လ၊ နမ်မမြစ်တံတားကို ၂၄ လ၊ နမ်တူ မြစ်ငယ်တံတားကို ၂၃ လနှင့် ဂုတ်ထိပ်နမ်ဘန်တန်နှစ်လမ်း သွားတံတားကို ၄၈လအချိန် ယူကာ တည်ဆောက်သွားမည် ဖြစ်‌ကြောင်း သိရသည်။


မူဆယ်-မန္တလေးရထား လမ်း လမ်းသစ်ဖောက်လုပ်ရေး စီမံကိန်း ရထားလမ်းအရှည် မှာ ၄၀၉ဒသမ ၆၉ ကီလိုမီတာရှိပြီး သံမဏိဒိုင်းခွေမုခ်ခုံ တံတား နှင့် ကြိုးတံတားအမျိုးအစား ဖြစ်ကြောင်း သိရသည်။


ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ