နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်သုံးဆီတစ်လီတာ ကျပ် ၁၀၀ ကျော်ဝန်းကျင် ကျဆင်း

ရန်ကုန် ဇွန် ၂၂


စက်သုံးဆီဆိုင်များ၏ထုတ် ပြန်ထားသည့် ဈေးနှုန်းများအရ ပြည်တွင်း စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ကျပ် ၁၀၀ ဝန်းကျင်အထိ ကျဆင်း လာကြောင်း သိရသည်။


ဇွန် ၂၀ ရက်တွင် စက်သုံး ဆီအရောင်းဆိုင်များ၏ ထုတ် ပြန်ထားသည့် ဈေးနှုန်းသည် ၉၂ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၄၀ကျပ်၊  ၉၇ တစ်လီတာလျှင် ၂၁၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၂၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၆၂၀ ကျပ်အထိကျဆင်းလာကြောင်း သိရသည်။


လက်ရှိ ရန်ကုန်နှင့်မန္တလေး မြို့များတွင် စက်သုံးဆီများကို ရည်ညွှန်းလက်ကားဈေးနှုန်း များဖြင့် ရောင်းချပေးနေပြီး နေပြည်တော်အပါအဝင် အခြား တိုင်းနှင့် ပြည်နယ်များတွင် အလားတူ ရောင်းချပေးနေ ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက သိရ သည်။                           ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ