နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ  ဇွန် ၇ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များသည် (ဆ)ရပ်ကွက်၊ မေဓာဝီလမ်းမကြီးပေါ်၌ မြတ်သူ ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းနှင့် ည ၁၁ နာရီခွဲအချိန်တွင် ပုဂံလမ်းမပေါ်၊ ပတ္တမြားစေတီရှေ့၌ စိုးမင်းသူ ထံမှ အရိုးအသွား (၁၀)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် (၁၉)ရပ်ကွက်၊ သံသုမာ (၂)လမ်းမပေါ်၌ ဇော်မျိုးထွန်း ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲအချိန်တွင် ကျော်မျိုးသူထံမှ အရိုးအသွား(၁၀) လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီအချိန်တွင် (၃)ရပ်ကွက်၊ ပီမိုးနင်း လမ်းမပေါ်၌ ရှားထက်ပိုင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီခွဲအချိန်တွင် (၁၁)ရပ်ကွက်၊ ဆည်မြောင်း လမ်းမပေါ်၌ လှမိုးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီအချိန်တွင် ပြည်တော်သာရပ်ကွက်၊ နဝရတ်ရေစင် (၅)လမ်းမပေါ်၌ အောင်သန်းထံမှ အရိုးအသွား(၂၄)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးတစ်ချောင်းကို လည်းကောင်း၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီအချိန်တွင် စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်းမပေါ်၌ အောင်ပြည့်စုံ ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီအချိန်တွင် တောင်သူကုန်းရပ်ကွက်၊ မဂ္ဂင်ကျောင်း လမ်းမပေါ်၌ နိုင်ဦးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သန်လျင် မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီအချိန်တွင် ဘုရားကုန်းကျေးရွာ၊ မဟာဗောဓိလမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ဖိုးဇော်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ရေကြောင်းလမ်းဆုံ၌ နောင်သက်ပိုင် ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၈)၊ ဂျိုးဖြူ လမ်းမပေါ်၌ အောင်ခင်ဦးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း   သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။                                                                              
 ဆွေဦး






အခြားဆက်စပ်သတင်းများ