နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒန်နီအဲလ်ဗတ်စ်နှင့် မာဆယ်လိုကို ခေါ်ယူရန် ဗယ်လာဒိုးလစ်အသင်း ပစ်မှတ်ထားနေ

ဇွန်   ၂၁


ဘာစီလိုနာ နောက်ခံလူ ဟောင်း အဲလ်ဗတ်စ်နှင့် ရီးရဲလ်လ် မက်ဒရစ် နောက်ခံလူဟောင်း မာဆယ်လိုတို့အား လာလီဂါတွင် အတူ တွဲဖက်ကစားသည်ကို မြင်တွေ့ရဖွယ်ရှိနေပြီး ဘရာဇီးလ် ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို ပိုင်ဆိုင်သည့် ဗယ်လာဒိုလစ် အသင်းက ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း သိရသည်။


အဲလ်ဗတ်စ်နှင့် မာဆယ်လို တို့သည် ကလပ်အသင်းများဖြစ် သည့် ဘာစီလိုနာ၊ ရီးရဲလ် မက်ဒရစ်တို့နှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ် နေသူများဖြစ် ပြီး ၎င်းတို့နှစ်ဦးစလုံးအား     အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။


ထို့ကြောင့် ယခုရာသီတွင် လာလီဂါပြိုင်ပွဲသို့ တန်းတက်လာ နိုင်ခဲ့သည့် ဗယ်လာဒိုလစ် အသင်းက  အဲလ်ဗတ်စ်နှင့် မာဆယ်လိုတို့ကိုခေါ်ယူရန် ပစ် မှတ်ထားနေခြင်း ဖြစ်သည်။


ဗယ်လာဒိုလစ်အသင်းပိုင်ရှင် ဖြစ်သည့် ဘရာဇီးလ်တိုက်စစ် မှူးဟောင်း ရော်နယ်လ်ဒိုသည် ဘရာဇီးလ်လက်ရွေးစင် ကစား သမားနှစ်ဦးဖြစ်သည့် အဲလ် ဗတ်စ်နှင့် မာဆယ်လိုတို့အား ခေါ်ယူကာ အသင်း၏ပုံရိပ်ကို မြှင့်တင်လိုနေပြီး ၎င်းတို့နှစ်ဦး ၏အတွေ့အကြုံနှင့် စွမ်းဆောင် ရည်က အသင်း၏အရည်အသွေး ကို မြင့်တက်စေလိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

                               (သူရိန်)






အခြားဆက်စပ်သတင်းများ