နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ ဂီတနေ့အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ၁၂ ပုဒ် ထုတ်လွှင့်မည်

ရန်ကုန်၊ ဇွန် ၂၁


၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံဂီတ နေ့အထိမ်းအမှတ်အဖြစ်၊ နိုင်ငံ တစ်ဝန်းတွင် အခမ်းအနားများ ကျင်းပကြမည်ဖြစ်ရာ မြန်မာ နိုင်ငံဂီတအစည်းအရုံး(ဗဟို) က လည်း တေးရေးပညာရှင် ၁၂ ဦး ရေးသားသည့် ဂုဏ်ပြုတေး ၁၂ ပုဒ်ကို မြန်မာ့ရုပ်မြင်သံကြားက လာမည့် ဇွန် ၂၄ ရက် သောကြာနေ့ညတွင် တိုက်ရိုက် ထုတ်လွှင့်ပြီး ဂုဏ်ပြုရန် စီစဉ် ထားကြောင်း သိရသည်။    

  

 မြန်မာနိုင်ငံ ဂီတနေ့မှ ယင်းသို့ ထုတ်လွှင့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဂီတ အစည်းအရုံးဥက္ကဋ္ဌ ဂီတစာဆို ဦးလွင်မြင့်ကို မြို့တော်သတင်းက တွေ့ဆုံမေးမြန်းရာတွင် '' ဂီတ နေ့သတ်မှတ်ဖို့ ၁၉၇၅ မှ ၁၉၈၈ မြန်မာနိုင်ငံဂီတကောင်စီစည်းရုံး ရေးကော်မတီကာလတွေမှာ ဆရာ ဗိုလ်ကလေး တင့်အောင့် ဥက္ကဋ္ဌ နှင့် ကျွန်တော်အတွင်းရေး မှူး အဖြစ် တာဝန်ယူ စဉ်ကတည်းက စဉ်းစားခဲ့ကြ ပါတယ်။    အဲလို စဉ်းစားတဲ့အခါ မြန်မာနိုင်ငံရဲ့ အမျိုးသားသီချင်း ပေါ်ပေါက် တဲ့နေ့ ၁၉၃၆ ခုနှစ် ဇွန် ၂၇ ရက်ကို ဂုဏ်ပြု တဲ့အနေနဲ့ ဂီတနေ့ကို သတ် မှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့လို့ ဒီနှစ်မှာ ကိုးနှစ်မြောက် အခမ်း အနားကျင်းပကြမှာ ဖြစ်ပါ တယ်။'' ဟု ရှင်းပြသည်။ 


မြန်မာနိုင်ငံဂီတအစည်းအရုံး တွင် အစည်းအရုံးဝင်ပေါင်း လက်ရှိနိုင်ငံတစ်ဝန်း သုံးသောင်း ကျော်ရှိရာ ဆို၊ ရေး၊ တီးပညာရှင် များကို အခြေခံ၍ ဝါသနာရှင်နှင့် ကျွမ်းကျင်ပညာရှင်အုပ်စုများဖြင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

                                   AKO






အခြားဆက်စပ်သတင်းများ