နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း) သီလရှင်ကျောင်းများသို့ အလှူတော်ငွေများလှူဒါန်း

ရန်ကုန်   ဇွန် ၂၁


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေး မှူး၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကင်း မြို့နယ်၊ ကံဘဲ့စည်ပင်အိမ်ရာ ဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှုကို ကြည့်ရှု စစ်ဆေးပြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းရှိ၊ သီလရှင်ကျောင်းများသို့ နဝကမ္မ အလှူတော်ငွေများ၊ ဆက်ကပ်လှူဒါန်းကြသည်။


ရှေးဦးစွာ မြို့တော်ဝန် နှင့်အဖွဲ့သည်၊ နံနက် ၆ နာရီခွဲတွင်၊ ရန်ကင်းမြို့နယ်၊ ၈ ရပ်ကွက်၊ အောက်နှင်းဆီလမ်းရှိ၊ ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်း၊ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာန၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ် ရေးဌာနနှင့်ဈေးများနှင့်ကုန် စည်ပွဲရုံများဌာနတို့ပူးပေါင်း ၍၊ ကုန်စိမ်း၊ ကုန်ခြောက် မျိုးစုံ၊အသားမျိုးစုံနှင့်ငါး၊ ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်း သက်သာစွာဖြင့်၊ ဝယ်ယူနိုင် ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက်၊ ဈေးသို့သွားရောက် ရန်မလိုဘဲ၊ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေး နေမှုများကို၊ လိုက်လံကြည့်ရှု စစ်ဆေးပြီး၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ လတ် ဆတ်စေရေး၊ အလေးချိန်ခွင် တိကျမှန်ကန်စေရေးနှင့် ဈေးရောင်း/ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင် ကြရန် ကြပ်မတ်ဆောင် ရွက် ရေးကို မှာကြားပြီး၊ လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


ယနေ့တွင် ပုဇွန်တောင်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ အင်းစိန်၊လှိုင်နှင့်ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်များတွင် လည်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့်၊ အသား/ငါးများ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်၊ နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၁၆ ရပ်ကွက်၊ အောင် ရတနာ ၁၁ လမ်းရှိ ဓမ္မဂုဏ်ရည် သီလရှင်စာသင်တိုက်သို့သွား ရောက်၍၊ သီလရှင်ဆရာကြီး ဒေါ်ဂုဏထေရီ(အဂ္ဂမဟာဂန္တ ဝါစကပဏ္ဍိတ ၊သာသနဓဇ သီရိ ပဝရ ဓမ္မာ စရိယ) အမှူးပြုသော၊ မြို့နယ်အတွင်းရှိ သီလရှင် ကျောင်းများသို့၊ရန်ကုန်မြိုတော် ဝန်နှင့်ဇနီး၊ဝန်ထမ်းမိသားစုများ က၊ နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊  ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အခမ်းအနားကို တက်ရောက် ကြသည်။


အခမ်းအနားအစီအစဉ်အရ နမောတဿသုံးကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး၊ ပင့်ဖိတ်ထားသော သီလရှင်များက မေတ္တသုတ် ပရိတ်တရားတော်များကို ရွတ် ဖတ်ပူဇော်ကြသည်။ 


ဆက်လက်၍ နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းရာ၊ ရန်ကုန်မြို့တော် ဝန်က ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်နှင့် သုဝဏ္ဏဘူမိခေမာရာမစာသင်တိုက်များကိုလည်းကောင်း၊ ဒုတိယမြို့တော်ဝန်က မဟာအောင်မြေသမိဒ္ဓေါ ဒယ စာသင်တိုက်ကို လည်းကောင်း၊ အတွင်းရေးမှူးက မြို့မဂုဏ် ရည် စာသင်တိုက်ကို လည်း ကောင်း၊ ကော်မတီဝင်များ က သဲအင်းဂူဓမ္မရိပ်သာ၊မိုးညင်း  သိင်္ဂီကျောင်းနှင့်ရူပသန္တရာမ ကျောင်းများကိုလည်းကောင်း နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ 


ထို့နောက်လှူဒါန်းမှုအစုစု အတွက် သီလရှင်ကြီးများက ဝမ်းမြောက်ကြောင်း အနုမော ဒနာစကား ပြောကြားပြီး၊ ရေစက်သွန်းချ အမျှဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို၍၊ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

သတင်း - သွင်မောင်မောင်       ဓာတ်ပုံ-ကျော်သူထက်/ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ