နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်း ၁ ရပ်ကွက် ဘုရင့်နောင်လမ်း တိုက်ခန်းမီးလောင်

ရန်ကုန်   ဇွန်    ၂၁


မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ် ၁၀ RC သုံးထပ်တိုက် အပေါ်ဆုံးထပ်အခန်း ယနေ့ နံနက် ၁ နာရီ ၃၁ မိနစ်အချိန် ခန့်က မီးလောင်မှုဖြစ်ပွားသည်။


မီးလောင်ရာသို့ တိုင်းဒေသ ကြီး မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ ကွပ်ကဲမှုယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၉၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသည်။ 


မီးလောင်မှုမှာ အခန်းတွင်းရှိ  Air con Safeguard အပူလွန် ကဲရာမှ မီးစတင်လောင်ကျွမ်း ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် Aircon တစ်လုံးနှင့် အခန်းတွင်း ပစ္စည်းများ မီးလောင်ဆုံးရှုံး သဖြင့် ကျပ်ငါးသိန်းဖိုးခန့်ဆုံးရှုံး ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။         ကျော်သူထက်






အခြားဆက်စပ်သတင်းများ