နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခြေခံစာရင်းကိုင်သင်တန်း အမှတ်စဉ် ၁၆ ဖွင့်လှစ်

ရန်ကုန် ၊   ဇွန်  ၂၁


ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကြီးမှူး ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင် သင်တန်းအမှတ်စဉ် ၁၆ ဖွင့်ပွဲ အခမ်းအနားကို၊ ယနေ့နံနက် ၉ နာရီက မင်္ဂလာတောင်ညွှန့် မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းသင်တန်း ကျောင်းသင်တန်းခန်းမ၌ ကျင်းပ ရာ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များ၊ ဌာန မှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ မြို့တော်ဝန်က အဖွင့်အမှာစကားပြောကြား ရာတွင်  “ကိုဗစ်-၁၉ရောဂါ ကြောင့် ဝန်ထမ်းသင်တန်းကျောင်းကို ပိတ်ထားခဲ့ရပြီး၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် ယခုသင်တန်း သည် ဒုတိယမြောက်ဖွင့်လှစ် နိုင်သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းကို တက်ရောက်ကြ သည့် သင်တန်းသူ/သင်တန်း သား များသည် ရုံး၊ ဌာနအသီးသီးတွင် စာရင်းကိုင်တာဝန်ကို  ထမ်း ဆောင်နေကြသော


ဝန်ထမ်းများဖြစ်ပြီး၊ ယခု သင်တန်းကို ဖွင့်လှစ်ရခြင်း ကြောင့် ငွေစာရင်းဇယားများကို ကိုင်တွယ်ဆောင်ရွက်နေကြ သောနေရာများတွင်၊ လက်တွေ့ ကျကျ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင် ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ဌာနအသီးသီးနှင့် ရုံးများတွင် စာရင်းကိုင်လိုအပ် ချက်များရှိနေခြင်းကြောင့်၊ ယခု သင်တန်းသို့ တက်ရောက်လာ သောစာရင်းကိုင်များသည်၊ မိမိ တို့လက်အောက်ရှိ၊ ဝန်ထမ်းများ ကို စာရင်းဇယားနှင့်ပတ်သက်၍ သဘောတရားများ သင်ကြား ပေးခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း များ သင်ကြားပေးခြင်းဖြင့်၊ အဆင့်ဆင့်လူ့အရင်းအမြစ်များ စုဆောင်းသွားရမည်ဖြစ်သော ကြောင့် ရုံးလုပ်ငန်းများ အကျိုး ရှိစေမည်ဖြစ်ကြောင်း။


စာရင်းဆိုသည်မှာ ငွေ သို့မဟုတ် ငွေကဲ့သို့တန်ဖိုးရှိ သော အရာဝတ္တုများနှင့်ပတ်သက် သော၊ ဖြစ်ရပ်များကိုဖော်ပြထား သည့်၊ သက်သေခံချက်များ ဖြစ်ကြောင်း၊ စာရင်းသည်လည်း ဖြစ်ရပ်များကို ကိုယ်စားပြုထား သော သက်သေခံထားသည် ဖြစ်၍၊ တိကျမှန်ကန်ပြည်စုံရန် စနစ်တကျရှိစေရန် အလွန် အရေးကြီးကြောင်း၊ တိကျ မှန်ကန်သောစာရင်းအင်းများ ထားရှိနိုင်မှသာလျှင် သတ်မှတ် အချိန်ကာလတစ်ခုအတွင်း၊ မိမိတို့လုပ်ငန်းများ၊ အောင်မြင်မှု ရှိ/မရှိ၊ အကျိုးအမြတ် ရှိ/မရှိ၊ တိုးတက်မှု ရှိ/မရှိ မှန်ကန်စွာ သုံးသပ်သိရှိနိုင်မည်ဖြစ်ကြောင်း၊ ရငွေများ စီမံကြီးကြပ်ကောက်ခံ ရာတွင်လည်းကောင်း၊ သုံးငွေ များ စီမံခန့်ခွဲရာတွင်လည်း ကောင်း၊ ထိရောက်စွာကြီးကြပ် ကွပ်ကဲနိုင်ရေးအတွက်၊ ဘဏ္ဍာ ရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အတိုင်း လိုက်နာကျင့်သုံးရန်၊ ပြဌာန်းထားသောဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ကို၊ နားလည်သိရှိထားရန်လိုအပ် ကြောင်း၊ ထို့အပြင် တိကျမှန်ကန် သော စာရင်းဇယားများထား ရှိနိုင်မှသာ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ကုန်ကျ စရိတ်များကို တွက်ချက်ရာတွင်၊ မကုန်ကျသင့်သည်များကို မကုန် ကျအောင် သေချာစွာစိစစ် တွက်ချက်၍၊ သုံးစွဲရမည်ဖြစ် ကြောင်း။


ငွေကြေးသုံးစွဲရသည့်နေရာ တွင်လည်း၊ စနစ်တကျရှိစေရန် အဆင့်ဆင့်သေချာစွာ စိစစ် ကြပ်မတ်ရန်၊ စာရင်းအင်းအခြေခံ သဘောတရားများ သိရှိနားလည် မှုအားနည်းခြင်း၊ တိကျမှန်ကန် သော စာရင်းအင်းများပြုစုထား ရှိမှုအားနည်းခြင်းများကြောင့်၊ မမှားသင့်သော အမှားများကို မဖြစ်ပေါ်စေရန် ကာကွယ်တားဆီး နိုင်မည်ဖြစ်ကြောင်း၊  ဝန်ထမ်း များအနေဖြင့်လည်း အတွေး အမြင်သစ်များနှင့် စိတ်ပိုင်း ဆိုင်ရာများပါ ပြောင်းလဲ၍၊ ရန်ကုန်မြို့နေ ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှု၊ ယုံကြည်ကိုးစားမှုများကို ခံယူ ထိုက်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရန်၊ အစဉ်ကြိုးစားသွား ရမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ် မည့်သင်တန်းတွင် ပို့ချသည့် ဘာသာရပ်များအပြင် စီးပွားရေး တက္ကသိုလ်၊ စာရင်းစစ်ချုပ်ရုံး များတွင်၊ ဖွင့်လှစ်သည့်ဘွဲ့လွန် ဒီပလိုမာသင်တန်းများ၊ စီမံ ခန့်ခွဲမှုဆိုင်ရာသင်တန်းများကို လည်း တက်ရောက်သင်ကြားရန် တိုက်တွန်းလိုကြောင်း၊ ဝန်ထမ်း ငွေကိုင်များသည် စဉ်ဆက် မပြတ် သင်ယူ၊ လေ့ကျင့်၊ ပြန်လည် မျှဝေရမည်ဖြစ်ကြောင်း၊  မိမိ တစ်ဦးတည်းသိခြင်း၊ တတ်ခြင်း သည် ပြည်စုံမှုမရှိသောကြောင့် အခြားသူများကိုလည်း မိမိ သင်ယူတတ်မြောက်ထားသော သိခြင်း၊တတ်ခြင်းများကို ပြန်လည် ဝေမျှရမည်ဖြစ်ကြောင်း။


ရန်ကုန်မြို့နေပြည်သူလူထု များ၏ လိုအပ်ချက်များနှင့်အညီ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုး တက်စေရေးအတွက်၊ ဝိုင်းဝန်း ကြိုးစားသွားကြရန် တိုက်တွန်း လိုကြောင်း၊ သင်တန်းတက် ရောက်ကြသည့် သင်တန်းသူ/ သင်တန်းသားအားလုံး ဝန်ထမ်း ဂုဏ်သိက္ခာ၊ ကျင့်ဝတ်များနှင့်အညီ သင်တန်းကာလတစ်လျှောက် သင်တန်းစည်းမျဉ်းစည်းကမ်း များကို တိတိကျကျလိုက်နာ ၍၊ သင်တန်းပို့ချချက်များကို၊ အပတ်တကုတ်ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း" ပြော ကြားပြီး၊ သင်တန်းဖွင့်ပွဲအခမ်း အနားကို နံနက် ၉ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။


အဆိုပါသင်တန်းသို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဌာနအသီးသီးက ဝန်ထမ်းသင်တန်းသား ၆၃ ဦး တက်ရောက်ကြပြီး၊ သင်တန်း ကာလ ရက်သတ္တပတ်လေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။

သတင်း-သွင်မောင်မောင်

ဓာတ်ပုံ-ကျော်သူထက်

ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ