နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ မုတ်သုံမိုး လူခြောက်သန်း ဘေးဒုက္ခတွေ့

နယူးဒေလီ၊ ဇွန် ၂၁ 


အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ဝင်ရောက် တိုက်ခတ်နေသည့် မုတ်သုန်မိုးကြောင့် လူပေါင်းခြောက်သန်းခန့် ဘေးဒုက္ခ ရောက်နေကြပြီး၊ အခြေအနေသည်ယခု ထက်ပိုမိုဆိုးရွားနိုင်ကြောင်း အာဏာ ပိုင်များက ပြောသည်။ 


အာသံပြည်နယ်အတွင်း ရေကြီးမှု ကြောင့် ဇွန် ၂၀ ရက်တွင် သေဆုံးသူ ရှစ်ဦး ထပ်တိုးလာပြီး သီတင်းပတ်ကြာ ရွာသွန်းနေသည့် မုတ်သုန်မိုးကြောင့် ယခုချိန်ထိ သေဆုံးသူ ၆၂ ဦးရှိပြီဖြစ် သည်။


Guwahati မြို့၏ အရှေ့မြောက် ဘက်ရှိ ကျေးရွာများတွင် မြစ်ရေလျှံပြီး လူနေအိမ်များအတွင်း ရေများဝင် ရောက်ကာ ပစ္စည်းဥစ္စာနှင့်အသက် ဆုံးရှုံးမှုများရှိကြောင်း အာဏာပိုင် များက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများတွင် လွန်ခဲ့သည့်နှစ် အနည်းငယ်ကတည်းက ဆိုးရွားသည့် ရာသီဥတုဒဏ်များကို ကြုံတွေ့နေရ ခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ကြောင့်ဆိုးရွားသည့် ဘေးဒုက္ခများ ပိုမိုရင်ဆိုင်ရနိုင်သည့် နိုင်ငံများတွင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ ကုန်းနိမ့်ပိုင်းနိုင်ငံ များသည် ပိုမိုခံစားရဖွယ်ရှိသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ