နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုလျော့ချရေး ဟောင်ဒေါ်လာ ၂၄၀ ဘီလီယံ သုံးမည်

ဟောင်ကောင်၊  ဇွန် ၂၁


ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအနေဖြင့် လာမည့် ၁၅ နှစ်မှ နှစ် ၂၀ အတွင်း ရာသီဥတုဖောက်ပြန်မှု လျော့ပါးရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆောင်ရွက်ရာတွင် ဟောင်ကောင်ဒေါ်လာ ၂၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ 


လာမည့်လတွင် စတုတ္ထအကြိမ်မြောက် ကျင်းပမည့် Master Insight Finance ထိပ်သီးညီလာခံနှင့် ESG ဆုပေးပွဲ အခမ်းအနားတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် ကဏ္ဍပေါင်းစုံတွင် သဘာဝပတ်ဝန်းကျင် အခြေပြု စီးပွားရေးအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း ဒေသ အစိုးရက ပြောသည်။


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဟောင်ကောင်တွင် ချုပ်ဆိုထားသည့် အစိမ်း ရောင်နှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးစာချုပ်များသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃ ဘီလီယံ ရှိပြီး အာရှ၏ အလားတူစာချုပ် ဈေးကွက်၏ သုံးပုံတစ်ပုံ ရှိကြောင်း သိရသည်။ Green finance သည် ဟောင် ကောင်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာဖြစ်ပြီး ဟောင်ကောင်၏ ထူးခြားသည့် အားသာချက်များကို သုံး၍ Green finance ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အရယူရန်နှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှု (ESG) အကျိုးကျေးဇူးများရရန် လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးရှိ လူများကို ဟောင်ကောင် အစိုးရက ကြိုဆိုကြောင်း ပြောကြားသည်။      (ref: AFP)






အခြားဆက်စပ်သတင်းများ