နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာရှားပါးမှု တားဆီးနိုင်ရန် တရုတ် သိပ္ပံပညာရှင်များ လုပ်ဆောင်

ပေကျင်း၊ ဇွန် ၂၁


တရုတ် သိပ္ပံပညာရှင်များ၏လေ့ လာမှုအသစ်အရ စပါးမျိုးစေ့ဗီဇများ ကို ထိန်းညှိခြင်းဖြင့်သီးနှံ၏ အပူဒဏ် ခံနိုင်ရည်ကိုသိသာစွာ တိုးတက်လာ စေပြီး မြင့်မားသည့် အပူချိန်အောက် တွင်သီးနှံအထွက်နှုန်းကို တိုးမြှင့်စေ မည်ဖြစ်သည်။


ယခုလေ့လာမှု‌အသစ်သည် ရာသီ ဥတုဖောက်ပြန်မှုကြောင့် အပူချိန် များမြင့်တက်လာခြင်းနှင့် ပြင်းထန် ရာသီဥတု အခြေအနေများတွင် အစား အစာထောက်ပံ့ ကူညီပေးနိုင်မည် ဖြစ်ကြောင်း သုတေသီများက ပြော သည်။


တရုတ် သိပ္ပံပညာရှင်များသည်စပါး ၏ဆဲလ်များအတွင်းရှိ ဗီဇများအပြန် အလှန် အကျိုးသက်ရောက်နိုင်မှုကို တွေ့ရှိထားခြင်းဖြစ်ပြီး ယင်းတို့သည် အပူဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင် ကာ မြင့်မားသည့်အပူချိန်အတွင်း သီးနှံ ထုတ်လုပ် မှုကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။


အလားတူ မျိုးဗီဇများကို ဂျုံကဲ့သို့ သော အခြား အဓိကသီးနှံများတွင်လည်း ပုံတူပွားနိုင်ခြင်းဖြင့် အာဟာရဓာတ်လုံ လောက်စွာ ပေးနိုင်မည်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောသည်။ 


ယခု လေ့လာတွေ့ရှိမှုအသစ်ကို ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ရာသီဥတုဖောက်ပြန်မှု ကြောင့်ဖြစ်ပေါ်လာမည့် အစားအစာ ရှားပါးမှုဘေးကို တားဆီးနိုင်မည်ဖြစ်ပြီး အငတ်ဘေးကြောင့် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။          

 (ref: BBC)






အခြားဆက်စပ်သတင်းများ