နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်က အဝယ်လိုက်၍ စိန်တစ်လုံးသရက်သီးဈေးကောင်းရရှိ

ဇွန် ၂၁


ရှမ်းပြည်နယ် တောင်ပိုင်း က ထွက်ရှိသည့် စိန်တစ်လုံး သရက်သီးများ တရုတ်နိုင်ငံက အဝယ်လိုက်နေပြီး တစ်ကီလို တစ်ခြင်းလျှင် ယွမ် ၇၀ မှ ၁၀၀ အထိ ဈေးကောင်းရရှိနေသည်။


မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ ကုန်စည်တင်ပို့မှုကို ဧပြီကုန်ပိုင်းက ပြန်လည်စတင် ၍ စိန်တလုံးသရက်သီးများ တင်ပို့နေခြင်းဖြစ်ပြီး ပြည်တွင်း ကထွက်ရှိသည့် သရက်သီး ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံ သို့ အဓိကထားတင်ပို့လျက်ရှိ ကာ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင် ကွဲအမျိုးအစားများကို တင်ပို့ လေ့ရှိကြောင်း သိရသည်။


မြန်မာ့သရက်သီးများ သည် ပြင်ပတင်ပို့လျက်ရှိသည့်အပြင် ပြည်တွင်း၌လည်း ဖူလုံစွာ စားသုံးနေပြီး အပင်ရေ ၂၀၀ မှ ၃၀၀ အတွင်းရှိသည့် သရက် ခြံ တစ်ခြံကို ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ ဝန်းကျင်ထိပေါက်ဈေး ရှိနေကြောင်း သိရ သည်။

အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ