နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းရွှေဟော်ဂိတ်တွင် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏ တိုးတက်

ဇွန် ၂၁


တရုတ်-မြန်မာနယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏတန် ချိန် ၈၆၈၀၀ ရှိပြီး ယခင်နှစ် ကာလထက် ၈၀ ဒသမ ၆ ရာခိုင်နှုန်းတိုးလာကြောင်း သိရ သည်။

ကုန်စည်ပို့ဆောင်မှု စုစု ပေါင်းတန်ဖိုးသည် ယွမ် ၃၃၄ သန်းရှိပြီး ယခင်နှစ်ကာလတူ ထက် ၁၃၃ ဒသမ ၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။


နယ်စပ်ကုန်သွယ်မှု မြှင့် တင်ရေး၊ မြန်မာနိုင်ငံမြောက် ပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်စေရေးနှင့် တောင် သူများ ဝင်ငွေတိုးပွားစေရေး တို့အတွက် ယခုနှစ်မှစ၍ အဆိုပါ နယ်စပ်စစ်ဆေးရေး ဂိတ်တွင် မြန်မာနိုင်ငံကတင် သွင်းသော ကြံတန်ချိန် ၁၁၃၀၀၀ ကို ဂိတ်ဖြတ်သန်းမှု အဆင်ပြေချောမွေ့စေရေးဝန် ဆောင်မှုများ ဆောင်ရွက်ပေး  ကြောင်း သိရသည်။

CN-015






အခြားဆက်စပ်သတင်းများ