နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုလကုန်အထိ စားအုန်းဆီ လက်ကားရည်ညွှန်းဈေး တစ်ပိဿာ ၅၈၁၅ ကျပ်သတ်မှတ်

ရန်ကုန်၊ ဇွန် ၂၁


စားသုံးဆီတင်သွင်း သို လှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရန်ကုန်မြို့တွင် စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်း စျေးနှုန်းကို တစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထား သည်။


ကမ္ဘာ့စားအုန်းဆီ ထုတ် လုပ်တင်ပို့သည့် နိုင်ငံများ၏ စျေးကွက်နှင့် စျေးနှုန်းများအရ ဇွန် ၂၀ ရက်မှ ၃၀ ရက် အထိ ရန်ကုန်အထိုင်စျေး အခြေခံ လက်ကား ရည်ညွှန်းစျေးနှုန်းကို  ၅၈၁၅ ကျပ် သတ်မှတ်ထားခြင်း ဖြစ်သည်။


စားအုန်းဆီ အဓိကထုတ် လုပ်တင်ပို့သည့်မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ဖြစ်ပေါ်နေသော FOB စျေး နှုန်းများကို နေ့စဉ်စောင့်ကြည့် ၍၊ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက် ချက်၍ ၊ ပြည်တွင်းစျေးကွက် ၌ ရောင်းဝယ်ဖောက်ကားရ မည့် အခြေခံလက်ကား ရည်ညွှန်း စျေးနှုန်းကို ထုတ်ပြန်ပေးနေ ခြင်းဖြစ်သည်။


စားအုန်းဆီများကို ပြည် တွင်းစျေးကွက်အတွင်းစျေးနှုန်း မြှင့်တင်ရောင်းချခြင်း ၊ စျေး ကစားရန် ရည်ရွယ်ချက်ဖြင့်သို လှောင် ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန် ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွား မည်ဖြစ် ကြောင်း အသိပေးထားပြီးဖြစ် သည်။           

                ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ