နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်တော်ကြီးသဘာဝဥယျာဉ် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇွန်  ၂၀


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေး သည်၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနမှူးများလိုက်ပါ၍  ၊ ယနေ့ နံနက်ပိုင်းက၊ ဗဟန်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး သဘာဝဥယျာဉ် အတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု နှင့်ဗိုလ်တထောင်မြို့နယ် ဗိုလ်မြတ်ထွန်း မြစ်ထွက်ပေါက် မြေထိန်းနံရံနှင့် ရထားလမ်းကူး တံတားတည်ဆောက်နေမှု တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည်၊ နံနက် ၈ နာရီတွင် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ် မြေအောက် ရေမြောင်းအတွင်း၊ အုတ်သား နံရံများပြိုပျက်သဖြင့်ပြုပြင် နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါနေရာသည် ဦးထောင်ဘို အဝိုင်းမှ ကန်တော်ကြီးသို့စီးဝင် သည့် မြေအောက်ရေမြောင်း၊ ဗဟန်း ၃ လမ်းက မန်ကျည်း တန်းမြောင်းသို့ စီးဝင်သည့် မြေအောက်ရေမြောင်းနှင့် ကန်တော်ကြီး ရေတံခါးကစီးဝင် သည့် မြေအောက်ရေမြောင်း များ စုစည်းဝင်ရောက်ရာနေရာ ဖြစ်နေသဖြင့်၊ အခြားမြောင်းနံရံ များကို၊ ထိခိုက်မှုရှိပါက ရေလမ်း ကြောင်းလွှဲရန်၊ မြေအောက် မြောင်းများအတွင်း ပိတ်ဆို့မှု မရှိစေရေးအတွက် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းရန် နှင့် ကန်တော်ကြီးရေပြင် ဧရိယာထိန်းသိမ်းရေးအတွက် မိုးရွာချိန်တွင် ရေတံခါးဖွင့်၍ မိုးမရွာပါက ရေတံခါးကို လျှော့ ထားရန် မှာကြားသည်။ 


အဆိုပါ မြေအောက်မြောင်း များသည်၊ တိရစ္ဆာန်ဥယျာဉ် အတွင်းသို့  ဆက်လက်စီးဆင်း လျက်ရှိကြောင်းနှင့်ယခုအခါ အင်းလျားကန်က ရေသွင်းပြီး ကန်တော်ကြီးက တစ်ဆင့် တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ရေမြောင်း၊ ၎င်းမှတစ်ဆင့် ပုဇွန်တောင်ချောင်းသို့ ဆက် လက်စီးဆင်းစေခြင်းဖြင့် ကန်တော်ကြီးရေပြင် သန့်ရှင်း ကြည်လင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည်၊ ပုလဲမဟာမြိုင် ပန်းခြံသို့သွားရောက်၍၊ မြေ ယာရှုခင်းပြုပြင်ထားရှိမှုနှင့် အလှပန်းပင်များစိုက်ပျိုးထားရှိ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များ မှာကြားသည်။ 


ဆက်လက်၍၊ လူကူး သစ်သားတံတားအတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ငါးပြတိုက်ဟောင်းကျွန်းသို့၊ သွားရောက်၍၊ အများပြည်သူ များ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှု၊ ပန်း ဥယျာဉ်နှင့်အားကစားကွင်းများဌာနကစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ကျွန်းပေါ်ရှိ ပန်းပင်များကို ပုံသွင်းအလှဆင်ထားရှိမှုတို့ ကိုကြည့်ရှုစစ်ဆေးပြီး၊လူကူး သစ်သားတံတားတစ်လျှောက် တံတားကြမ်းခင်းအဆက် နေရာအခင်းပြားများ ခိုင်ခံ့ အောင် တပ်ဆင် ရန်၊ ကျိုးပဲ့သည့် နေရာများကို အစားထိုးရန်၊ ကမ်းစပ်တစ်လျှောက် ရာသီ ပန်းပင်များစိုက်ပျိုး၍ ပုံသွင်း အလှဆင်ရန်နှင့် ကန်တော်ကြီး သဘာဝဥယျာဉ်အပါအဝင် မြင်ကွင်းကောင်းပြီး အများပြည်သူ ဝင်/ထွက်ရန် လွယ်ကူသည့် ၊ကုန်းကမူများ ကို မြေယာရှုခင်းပြုပြင်၍ အများပြည်သူများ အပန်းဖြေ၊ အနားယူ၊ အားကစားလေ့ကျင့် နိုင်သည့်နေရာများ ဖော်ထုတ်သွားရန် မှာကြားသည်။


ထို့နောက် မြို့တော်ဝန် နှင့်အဖွဲ့သည် ၊ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းအမှတ် ၃၅၁၊ ၃၆၁ ရှိ ယခင်မြန်မာ့မီးရထားရုံးချုပ် ရုံးဟောင်းမြေနေရာရှိ၊ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့သွားရောက်၍ ၊အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ၊ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် ရေမြောင်းမြေထိန်းနံရံ အရှည် ၃၀၀ ပေ တည်ဆောက်ပြီးစီးမှု၊ ရေလမ်းကြောင်းလွှဲ၍ ၊ကုန်တင်ရထားလမ်း ကူးတံတား တည်ဆောက်နေမှုနှင့် လုပ်ငန်းခွင်အတွင်း ရေဝင်ရောက်မှုကို စုပ်ထုတ်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။


အဆိုပါမြောင်းအတွင်းသို့ ဗိုလ်တထောင်မြို့နယ်၊ ၉ ရပ်ကွက်၊ ၅ ရပ်ကွက်နှင့် ၆ ရပ်ကွက်တို့မှ ရေများစီးဝင်ပြီး ၊ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်မှတစ်ဆင့် ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းလျက်ရှိရာ၊ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ရေမြောင်းများပိတ်ဆို့ပြီး၊ အဆိုပါရပ်ကွက်များ ရေကြီးရေလျှံမှု မဖြစ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရ ေအတွက် ဗိုလ်မြတ် ထွန်းမြစ်ထွက်ပေါက် ရေမြောင်းမြေထိန်း နံရံ တည်ဆောက်ခြင်းဖြစ် ကြောင်းနှင့် ကုန်တင်ရထားလမ်း တံတားတည်ဆောက် ပြီးစီးပါက တံတားမှ ကမ်းနားလမ်းအထိ အရှည် ၁၄၇ ပေ ရေမြောင်းနှင့် ရေစုကန်ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးမြင့်မောင် / ဓာတ်ပုံ - ကျော်သူထက် / ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ