နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
11 KV ဓာတ်အားလိုင်းပေါ် ဗာဒံပင်အမြစ်က ကျွတ်၍ လဲကျ

ရန်ကုန်၊ ဇွန်   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် အတွင်း ယမန်နေ့ ညနေ ၃ နာရီခန့်တွင် မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့်  င ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် 11 KV ညွန့်ကြည်အေးဖီဒါ ဓာတ် အားလိုင်းပေါ်သို့ ဗာဒံပင်အမြစ် ကျွတ်၍လဲကျမှု ဖြစ်ပွားသည်။


အခင်းဖြစ်ပွားရာနေရာသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၊မြောက် ဥက္ကလာပမြို့နယ်လျှပ်စစ် မန်နေဂျာရုံးက ဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ဝန် ထမ်းများပူးပေါင်း၍ လဲကျသွား သော သစ်ပင်ကိုရှင်းလင်းဖယ် ရှားခြင်း၊ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ကြသည်။ ဓာတ်အားပုံမှန်ပြန်လည်ပေး ထားနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။               ဆန်းကျော်ဦး






အခြားဆက်စပ်သတင်းများ