နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်မတီဝင်များ၊ ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ၁၃/၂၀၂၂ ကျင်းပ

ရန်ကုန် ၊   ဇွန်  ၂၀


ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ကော် မတီဝင်များ၊ ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၁၃/၂၀၂၂ ကို၊ ယနေ့ နံနက် ၁၁ နာရီက၊ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ ၄ ၌ကျင်းပရာ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့ တက်ရောက်ကြ သည်။


ရှေးဦးစွာ မြို့တော်ဝန်က အဖွင့်အမှာစကား ပြောကြားရာ တွင် “ယခုကာလအတွင်း ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့် သုဿာန်သို့သွားရောက်စစ်ဆေး ခဲ့ရာ အမှိုက်စွန့်ပစ်မှု၊ အမှိုက် လျှော့ချမှုနှင့် စီမံခန့်ခွဲမှုကိစ္စ များတွင် နည်းပညာများအသုံး ချ၍၊ ဝန်ထမ်းများစနစ်တကျ လုပ်ဆောင်သည်ကို တွေ့ရ ကြောင်း၊ ယနေ့ကန်တော်ကြီး သဘာဝဥယျာဉ်သို့သွားရောက် စစ်ဆေးရာတွင်လည်း၊ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများ တိုးတက် လာသည်ကိုတွေ့ရကြောင်း၊ သန့်ရှင်းရေး မော်တော်ယာဉ် ဌာနခွဲသို့ရောက်ရှိစဉ်က၊ ဝန်ထမ်း နှင့် သင်တန်းသားများအတွက် စားရိတ်သက်သာစေရန် ပြုလုပ် ပေးထားခြင်း၊ စားသောက်ဘွယ်ရာ များ ကောင်းမွန်စွာပြင်ဆင်ထား ခြင်း၊ အပန်းဖြေအနားယူနိုင်ရေး အတွက် ကာရာအိုကေစသည် တို့စီစဉ်ထားပေးခြင်း၊ စသည် ဖြင့် ဝန်ထမ်းများ သက်သာ ချောင်ချိရေးနှင့် စည်းလုံးညီညွှတ် ရေး ဆောင်ရွက်ထားသည်ကို တွေ့ရကြောင်း၊ အလားတူ တိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့က မြို့နယ်များတွင်လည်း၊ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်လာသည်ကို အားရ ဖွယ်ရာတွေ့ရှိရကြောင်း၊သို့ဖြစ် ပါ၍ ဌာနအသီးသီးကအောက်ခြေ ဝန်ထမ်းများ၏ သက်သာချောင်ချိ ရေးနှင့် စိတ်ဓာတ်မြင့်မားရေးကို မြှင့်တင် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်း” ပြော ကြားသည်။


ထို့နောက် တက်ရောက်လာ သော ကော်မတီဝင်များ၊ ဌာနမှူး များနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ တင်ပြမှုအပေါ် လိုအပ်သည်များကို မြို့တော်ဝန် က ဖြည့်ဆည်းဆောင်ရွက်ပေး သည်။


ဆက်လက်၍ မြို့ပြစီမံကိန်း ဌာန၊ ဌာနမှူးက စက်ဘီးလမ်း နှင့် စိမ်းလန်းစင်္ကြံဖော်ဆောင် မည့်၊ ခံယူချက်ဒီဇိုင်းပုံစံ (Conceptual Design) နှင့် ပတ်သက်၍၊ ရန်ကင်းနှင့် လှိုင် မြို့နယ်တို့ကိုချိတ်ဆက်မည့် စက်ဘီးလမ်းနှင့် စိမ်းလန်း စင်္ကြံ၊ ရန်ကင်းမြို့နယ်ရှိ ဂျိုးဖြူ ရေပိုက်လိုင်းတစ်လျှောက် စက် ဘီးလမ်းနှင့် စိမ်းလန်းစင်္ကြံ၊ ဝေဇယန္တာလမ်းတစ်လျှောက်၊ စက်ဘီးလမ်းကို အဆင့်မြှင့်တင် ခြင်း၊ ရန်ကင်းမြို့နယ်ရှိ မြို့ပတ် ရထားလမ်းတစ်လျှောက် စက် ဘီးလမ်းနှင့် စိမ်းလန်းစင်္ကြံ ဖော်ဆောင်ခြင်းနှင့် ပန်းခြံများ ဖြင့် ချိတ်ဆက်ခြင်း၊ စက်ဘီး စီးနင်းသူများ လိုက်နာကျင့်သုံး ရမည့် စည်းမျဉ်းစည်းကမ်းများ စသည်တို့ကို အဆိုပြုတင်ပြရာ၊ မြို့တော်ဝန်က "ယခုတင်ပြပါ နေရာများတွင်၊ အခြားစီမံကိန်း လုပ်ငန်းများနှင့် တည်ဆောက် ရေးလုပ်ငန်းများ ပြုလုပ်လာပါ က၊ ကြိုတင်စီစဉ်ဆောင်ရွက်ရန်၊ မြို့တွင်း Bike Laneများ ထပ်မံ ပြုလုပ်နိုင်ရေးအတွက် ယခု အဆိုပြုချက်ဖြင့် လျော်ညီအောင် ဆောင်ရွက်ရန်နှင့် တင်ပြသွား သည်များကို စီမံရေးရာဌာန၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာန၊ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၊ အင်ဂျင်နီယာဌာန(လမ်း နှင့်တံတား)၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့် ရှင်းမှု)တို့ကပူးပေါင်း၍ လေ့လာ ဆန်းစစ်ချက်ပြုလုပ်သွားရန်" ဆွေးနွေးမှာကြားသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ