နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒစရိယအဖွဲ့ဆရာတော်ကြီးများ ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား

ရန်ကုန် ၊   ဇွန်  ၂၀


သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးကိုကိုသည်၊ တာဝန်ရှိ သူများနှင့်အတူ၊ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူ သီရိဗိမာန်တော်၌ ထေရဝါဒဗုဒ္ဓ သာသနာပြု ဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများကို ဖူးမြော် ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။


အခမ်းအနားတွင်၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့၏ သာသနာ ပြုဆောင်ရွက်ချက်များ ရာနှုန်း ပြည့်လုပ်ဆောင်နိုင်ရေးအတွက်၊ ဇဗ္ဗူသီရိဗိမာန်တော် မြေညီထပ်၊ ပထမထပ်တို့ကို ထေရဝါဒဗုဒ္ဓ သာသနာပြုဩဝါဒါစရိယအဖွဲ့ထံ ပြန်လည်ရရှိအောင် ဆောင်ရွက် ပြီးဖြစ်၍၊ ဆရာတော်ကြီးများ အနေဖြင့် သာသနာပြုလုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်နိုင်ပြီဖြစ်ပါကြောင်း လျှောက် ထားသည်။


ဆက်လက်၍ ထေရဝါဒဗုဒ္ဓ သာသနာပြုဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တ ကုမာရထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် 


တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ဆရာတော် ကြီးများထံ၊ လှူယ်ဘွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။


ထို့နောက် ထေရဝါဒဩဝါဒါ စရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာ တော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ သုစိတ္တကအနုမောဒနာတရား ဟောကြားပြီး၊ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်ချအမျှပေး ဝေသည်။   အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ