နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှော်ဘီစာနယ်ဇင်း ဘိုးဘွားများ စောင့်ရှောက်ရေး ဂေဟာသို့ စာနယ်ဇင်းဝန်ထမ်းဟောင်းများအဖွဲ့ အာဟာရဒါနလှူဒါန်း

  ရန်ကုန်၊ ဇွန် ၂၀


ခိုကိုးရာမဲ့ စာနယ်ဇင်းသမားကြီးများကို စောင့်ရှောက်ပေးနေသော မှော်ဘီဘိုးဘွားများ စောင့်ရှောက်ရေးဂေဟာရှိ ဘိုးဘွား ၂၁ ဦး အတွက် အာဟာရဒါန အလှူငွေကျပ် တစ်သိန်းကို ဇွန် ၁၉ ရက်က သတင်းနှင့်စာနယ်ဇင်း ဝန်ထမ်းဟောင်းများ အသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေ (ကြေးမှုံအယ်ဒီတာချူပ် - ငြိမ်း) နှင့် အလုပ်အမူဆောင်များက၊ မှော်ဘီ ဘိုးဘွားများ စောင့်ရှောက်ရေးဂေဟာဧည့်ခန်းမသို့ လာရောက်လှူ ဒါန်းကြရာ၊ ဂေဟာစတင်တည်ထောင်သူ ဂေဟာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်း( စာရေးဆရာ မောင်ချိုဝေ)ကလက်ခံ ရယူကြောင်း သိရသည်။


ထိုအပြင် သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများ အသင်း အနေ ဖြင့် မှော်ဘီဘိုးဘွားများစောင့်ရှောက်ရေး ဂေဟာသို့ တစ်လလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လစဉ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။    အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ