နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အ.ထ.က ၂ ဒဂုံတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

  ညောင်ဦး၊ ဇွန် ၂၀


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဇွန် ၁၉ ရက်က ကျောင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကျန်းမာရေးနှင့် ညီညွတ်စေရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။


ထိုကဲ့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ စုပေါင်း၍ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ချုံနွယ်သစ်ကိုင်းများ မြက်များရှင်းလင်းခြင်းနှင့် အမှိုက်များကောက်ခြင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ စွန့်ပစ်ပစ္စည်းများ ကို သယ်ယူစွန့်ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။


ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် သောက်သုံးရေကန်များကိုလည်း အဘိက်ဆေးခတ်ခြင်း၊ ခြင်ဆေးများမှုတ်ခြင်းဖြင့် ကျောင်းသန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။        မေသန္တာ






အခြားဆက်စပ်သတင်းများ