နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပပို့ကုန်များတွင် ချုပ်ပြီးအထည် တင်ပို့မှုက ဝင်ငွေအများဆုံးရရှိ

  ရန်ကုန်၊ ဇွန် ၂၀


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ပြည် ပတင်ပို့သည့် ပို့ကုန်များအနက် ချုပ်ပြီး အထည်တင်ပို့မှုက အမေရိကန် ဒေါ်လာ ၁၁၇၄ သန်း ကျော်ဖြင့် ဝင်ငွေအများဆုံးရရှိ ကြောင်း သိရသည်။


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ချုပ် ပြီး အထည်ပြည်ပကို တင်ပို့မှုက  အမေရိကန် ဒေါ်လာ ၈၄၂ ဒသမ ၆ သန်းသာ ရရှိခဲ့ပြီး၊ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ပြီးခဲ့သည့်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၂ သန်း ပိုမိုရရှိကြောင်း သိရသည်။


ပြည်တွင်းတွင်  အထည်ချုပ် လုပ်ငန်းကို CMP လက်ခစား စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ် ပြီးဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့ကနေ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူကြကြောင်း သိရသည်။


၂၀၁၈ ခုနှစ်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီ သို့ဒေါ်လာ ၁၅၇ သန်း၊ နယ်သာ လန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်း အထိ တင်ပို့နိုင်ကြောင်း သိရ သည်။ 


ချုပ်ပြီးအထည် ပြည်ပတင် ပို့မှုသည် ငါးနှစ်အတွင်းလေး ဆယ်ကျော်အထိ တိုးတက် လာကြောင်း သိရသည်။ 

CN-033






အခြားဆက်စပ်သတင်းများ