နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံရှေးဟောင်းဇုန် သန့်ရှင်းရေးပြုလုပ်

  ညောင်ဦး၊ ဇွန် ၂၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အလိုတော်ပြည့်ဘုရား ကစတင်ပြီး အနော်ရထာလမ်းမကြီး လမ်းဘေးဝဲ/ယာ သွားရာလမ်း တစ်လျှောက်နှင့် လေယာဉ်ကွင်းလမ်းဆုံတစ်လျှောက် သန့်ရှင်းရေးပြု လုပ်ခြင်းကိုဇွန် ၁၈ ရက်တွင် တာဝန်ရှိသူများက ဆောင်ရွက်ကြသည်။


ညောင်ဦးမြို့နယ် ခရိုင်အဆင့်ဌာနဆိုင်ရာများက အလိုတော်ပြည့် ဘုရားမှစတင်ပြီး အနော်ရထာလမ်းမကြီး လမ်းဘေးဝဲ/ယာ တစ် လျှောက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လေယာဉ်ကွင်းလမ်းဆုံ မှပုဂံမြို့သစ်သွားရာလမ်းနှင့် ကျောက်ပန်းတောင်းဘက်သွားရာလမ်း၊ လေယာဉ်ကွင်းသို့သွားရာ လမ်းဘေးဝဲ/ယာရှိပေါင်းမြက်များ၊ သစ် ပင်ချုံနွယ်များ၊ သစ်ရွက်အမှိုက်များ၊ ဖော့ဘူးများကို သန့်ရှင်းရေးပြု လုပ်ကာသစ်ရွက်ခြောက်အမှိုက်များ၊ သစ်ကိုင်းခြောက်အမှိုက်များ အားမီးရှို့ခြင်း၊ ပေါင်းမြက်အစိုများ၊ ချုံနွယ်အစိုများကို ညောင်ဦး မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှိုက်ကျင်းသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။       ကိုကြေးမုံ






အခြားဆက်စပ်သတင်းများ