နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးလအတွင်း ပြည်ပထွက် အလုပ်သမား ၉၀၀၀ ကျော်ရှိ

  ရန်ကုန်၊ ဇွန် ၂၀


၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ လေးလတာကာလ အတွင်း ၄၆ နိုင်ငံသို့ အလုပ် သမားဦးရေ ၉၄၀၀ ကျော် တရား ဝင်စေလွှတ်ကြောင်း သိရသည်။


အာရှ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း ၊ ဥရောပ၊ ဩစတြေး လျ၊ အမေရိကန်နှင့် အာဆီယံ ဒေသတွင်းနိုင်ငံများသို့ စေလွှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျပန် နိုင်ငံသို့ အလုပ်သမား ၃၈၂၁ ဦးဖြင့် အများဆုံးစေလွှတ်ဆောင် ရွက်ပေးခဲ့ကာ စင်ကာပူနိုင်ငံသို့ ၃၆၃၇ ဦးဖြင့် ဒုတိယအများဆုံး၊ ကိုရီးယားနိုင်ငံသို့ ၈၀၁ဦးဖြင့် တတိယအများဆုံး၊ မလေးရှား နိုင်ငံသို့ ၃၅၁ ဦးဖြင့် စတုတ္ထ အများဆုံး၊ ဂျော်ဒန်နိုင်ငံသို့ ၁၇၆ ဦးဖြင့် ပဉ္စမအများဆုံး စေလွှတ် ပေးခြင်းဖြစ်သည်။


အဆိုပါ ကာလအတွင်း အလုပ်သမား အနည်းဆုံးစေ လွှတ်ပေးခဲ့သည့် နိုင်ငံများမှာ၊ ဩစတြေးလျနိုင်ငံ၊ အီရတ်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဆူဒန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ အီသီယိုး ပီးယားနိုင်ငံ၊ ဂျမေကာနိုင်ငံ၊ ဗန် နူတုနိုင်ငံနှင့် တူရကီနိုင်ငံများ ဖြစ်သည်။


အဆိုပါ ကာလအတွင်း အလုပ်သမား ၂၀ ဦးနှင့်အထက် စေလွှတ်ပေးခဲ့ရသည့်နိုင်ငံများ သည်ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ယူအေအီးနိုင်ငံ၊ ဂျာမဏီ နိုင်ငံ၊ ကာတာနိုင်ငံ၊ ဘရာဇီး နိုင်ငံ၊ ပါပူးဝါး နယူးဂီနီ နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ များဖြစ်ကြောင်း သိရသည်။     

CN 031






အခြားဆက်စပ်သတင်းများ