နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်၊   ဇွန်   ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တွင် ငွေကျပ်၁ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိ ကြောင်း သိရသည်။


ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၃ နာရီခွဲ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမြန်ရေယာဉ်ဆိပ်အနီးတွင်၊ ဇော်မျိုးဝင်း (ခ) ဖိုးပြား မောင်းနှင်ပြီး နောင်နောင် (ခ) မြင့်နောင် လိုက်ပါလာသည့် SU -ZUKI မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ၊ ယာဉ်ပေါ်မှဒေသကာလ တန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်  တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိဘိန်းဖြူများကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ကိုဥပဒေအရအရေးယူပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

AKO






အခြားဆက်စပ်သတင်းများ