နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာဇက်ကို ချီးကျူးစကားဆိုခဲ့သည့် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်

ဇွန် ၁၉


ဇွန်လအတွင်း ကစားခဲ့ သည့် နိုင်ငံတကာပွဲစဉ်များတွင် ဘယ်လ်ဂျီယံအသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဟာဇက်ကို နည်းပြမာတီနက်ဇ်က ချီးကျူး စကားဆိုခဲ့ပြီး လာမည့်ရာသီ တွင် ရီးရဲလ်ပရိသတ်များအနေ ဖြင့် ဟာဇက်၏ နဂိုခြေစွမ်းကို ပြန်မြင်ရမည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။ 


ဒဏ်ရာပြဿနာများကြောင့် ရီးရဲလ်မက်ဒရစ်တွင် ခြေစွမ်းပြ နိုင်ခြင်းမရှိသည့် ဟာဇက်အနေ ဖြင့် အသင်းပြောင်းရွှေ့ရန် သတင်းများ ထွက်နေသော် လည်း ကစားသမားကိုယ်တိုင် က ရီးရဲလ်မှာ ယင်း၏ခြေစွမ်း ကို ပြသသွားရန် အလိုရှိနေခြင်း ဖြစ်သည်။ 


ဘယ်လ်ဂျီယံနည်းပြ မာတီ နက်ဇ်က "လက်ရှိအချိန်က ဟာဇက်ရဲ့ကစား သမားဘဝမှာ အကောင်းဆုံး အခိုက်အတန့် လို့တောင် ဆိုရမှာပါ။ သူ့မှာ ဒဏ်ရာကင်းစင်နေတာကြောင့် ဘယ်လ်ဂျီယံအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ တာကို တွေ့ကြမှာပါ။ ဟာဇက် အပါအဝင် ဘယ်လ်ဂျီယံအသင်း နဲ့သက်ဆိုင်သူအားလုံးကကမ္ဘာ့ ဖလားပြိုင်ပွဲမှာ အနိုင်ရဖို့ အလိုရှိကြပါတယ်။ လာမယ့် ရာသီမှာ သူတို့ရဲ့ အကောင်း ဆုံး ခြေစွမ်းတွေကိုဆက်ထိန်း ထားဖို့ လုပ်ဆောင်နေတာ ကြောင့် ရီးရဲလ်ပရိသတ်တွေ အနေနဲ့လည်း အရင်က နဲ့မတူတဲ့ ဟာဇက်ကို တွေ့မြင် ရမှာပဲ ဖြစ်ပါတယ်"ဟု ပြော ကြားခဲ့သည်။ 


ဟာဇက်သည် ဒဏ်ရာ ပြဿနာ မကြာခဏကြုံတွေ့ နေရခြင်းကြောင့် ရီးရဲလ် မက်ဒရစ်အသင်းတွင် ပွဲထွက် ခွင့် အနည်းငယ်သာရရှိခဲ့ပြီး ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန် နေရခြင်းဖြစ်သည်။       (သူရိန်)






အခြားဆက်စပ်သတင်းများ