နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူကာကူနှင့် စခရီနီယာကို အလဲအထပ်ပြုလုပ်ရန် ချဲလ်ဆီး စဉ်းစားနေ

ဇွန်   ၁၈


ချဲလ်ဆီးအသင်းသည် တိုက် စစ်မှူး လူကာကူနှင့်အင်တာ မီလန် နောက်ခံလူစခရီနီယာကို အလဲအထပ်ပြုလုပ်ရန် စီစဉ်နေ ကြောင်း သိရသည်။ 


နွေရာသီ အပြောင်းအရွှေ့ တွင် ချဲလ်ဆီးအသင်းအနေဖြင့် နောက်ခံလူများကို အဓိကထား ပြီး ခေါ်ယူရန် လုပ်ဆောင်နေ ခြင်းဖြစ်ကာ နောက်ခံလူစခရီ နီယာကိုလည်း စိတ်ဝင်စားနေ ခြင်းဖြစ်သည်။ 


 ဆလိုဗက်ကီးယားနောက်ခံ လူ စခရီနီယာကို ပီအက်စ်ဂျီ အသင်းက ပေါင် ၄၃ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း ချဲလ်ဆီးအသင်းအနေ ဖြင့် စခရီနီယာကို ခေါ်ယူရန် အတွက် တိုက်စစ်မှူး လူကာကူ နှင့် အလဲအထပ်ပြုလုပ်သွား ရန် စီစဉ်နေခြင်းဖြစ်သည်။ 


အင်တာမီလန်အသင်းသည် နောက်ခံလူ စခရီနီယာ၏ ပြောင်းရွှေ့ကြေးအတွက် ပေါင် သန်း ၇၀ အထိ အလိုရှိနေခြင်း ကြောင့် ချဲလ်ဆီးအသင်းအနေ ဖြင့် ကစားသမားအလဲအထပ် ပြုလုပ်ပြီး ခေါ်ယူလိုနေခြင်းဖြစ် သည်။ 


ပြီးခဲ့သည့်နှစ် နွေရာသီက ချဲလ်ဆီးအသင်းသည် တိုက်စစ် မှူး လူကာကူကို အင်တာမီလန် အသင်းထံမှ ပေါင် ၉၇ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ယင်းကစားသမားမှာ ခြေစွမ်း ပြသနိုင်ခြင်း မရှိသောကြောင့် ပရိသတ်များ၏ ဝေဖန်ခြင်းကို ခံနေရသည်။                  (သူရိန်)






အခြားဆက်စပ်သတင်းများ