နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်အသင်းတွင် ကစားရန် ကမ်းလှမ်းခဲ့သည့် ဆွာရက်ဇ်

ဇွန်   ၁၆


ဇွန်လအကုန်တွင် အက်သ လက်တီကို အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးတော့မည့် တိုက်စစ်မှူး ဆွာရက်ဇ်က မိမိ အား ခေါ်ယူရန်အတွက်ဂျူဗင် တပ် အသင်းထံ ကမ်းလှမ်းခဲ့ ကြောင်း La Gazzetta dello Sport ၏ ဖော်ပြချက်အရ သိရ သည်။ 


အသက် ၃၅ နှစ်ရှိပြီဖြစ် သည့် ဆွာရက်ဇ်ကို ခေါ်ယူရန် ကလပ်အသင်းများစွာက စောင့် ကြည့်နေကြသော်လည်း ဆွာရက်ဇ် အနေဖြင့် ချန်ပီယံလိဂ်ကစား ချင်သောကြောင့် ဂျူဗင်တပ် အသင်းထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ 


ပရီးမီးယား လိဂ်နှင့်လာလီ ဂါပြိုင်ပွဲများတွင် ကစားခဲ့ဖူး သည့် ဆွာရက်ဇ်အနေဖြင့်စီးရီး အေပြိုင်ပွဲ၏ စိန်ခေါ်မှုအသစ် များကိုလည်း ရင်ဆိုင်ချင်နေ ကြောင်း သိရသည်။ 


အက်သလက်တီကို အသင်း ထံသို့ မပြောင်းရွှေ့ခင်က ဆွာ ရက်ဇ်အနေဖြင့် ဂျူဗင်တပ် ကို ပြောင်းရွှေ့ရန်အတွက် နီးစပ် ခဲ့ဖူးကြောင်း သတင်းအချို့က ဖော်ပြခဲ့ကြသည်။ 


အာဂျင်တီးနားကလပ်ဖြစ် သည့် ရေးဗားပလိတ်အသင်း၏ နည်းပြ ဂယ်လာဒိုက ဆွာရက်ဇ် ကို အသင်း ထံပြောင်းရွှေ့လာရန် ကမ်းလှမ်းခဲ့သော်လည်း ကစား သမားဘက်က တစ်စုံတရာ တုံ့ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။                  

  (သူရိန်)






အခြားဆက်စပ်သတင်းများ