နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဏ်ရာပြဿနာ အမြန်ဆုံးပြန်လည်သက်သာရန် ချီယေဆာမျှော်လင့်

ဇွန်   ၁၃


ဂျူဗင်တပ်စ် အသင်း၏ တောင်ပံတိုက်စစ် ကစားသမား ချီယေဆာက ဒဏ်ရာပြဿနာ အမြန်ဆုံး ပြန်လည်သက်သာ လာမည့်အချိန်ကို မျှော်လင့်နေ ကြောင်း ပြောကြားခဲ့သည်။ 


အသက် ၂၄ နှစ်အရွယ်ရှိ အီတလီတောင်ပံကစားသမား ချီယေဆာသည် နည်းပြအယ်လီ ဂရီ၏ ဂျူဗင်တပ်စ်အသင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ကစားခဲ့သူဖြစ်ပြီး ဇန်နဝါရီလ တုန်းက ရိုးမားအသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ ဒဏ်ရာကြောင့် ချီယေ ဆာသည် ရာသီကုန်အထိ အနားယူခဲ့ရပြီး မြောက်မက်စီ ဒိုးနီယား အသင်းကိုရှုံးနိမ့်ခဲ့ သည့် အီတလီအသင်း၏ ခြေစစ်ပွဲကိုလည်း ပါဝင်ကစား နိုင်ခြင်းမရှိခဲ့ပေ။ 


ချီယေဆာက "ကျွန်တော့် အိပ်မက်က ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ပါ ပဲ၊ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ တစ်ဆင့်ချင်းသွားရ မှာပါ၊ ဆေးအဖွဲ့ဝန်ထမ်းတွေ ကလည်းကျွန်တော့်ကို အများ ကြီး ကူညီပေးနေပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါ တယ်၊ စက်တင်ဘာအစောပိုင်း လောက် ကျွန်တော်ပြန် ကစားနိုင်ပြီလို့ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ စောင့် ကြည့်ရပါဦးမယ်" ဟုပြောကြား ခဲ့သည်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ