နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီအသင်းက နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ရန် ပြင်ဆင်

ဇွန်   ၅


ပီအက်စ်ဂျီအသင်းက လာ မည့်ရက်ပိုင်းအတွင်း နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ပိုချက်တီနိုသည် စပါးအသင်း မှ ပြင်သစ်ကလပ်ပီအက်စ်ဂျီ အသင်းသို့ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလက ရောက်ရှိလာခဲ့သူဖြစ် ပြီး အသင်းကို လီဂူး ၁ အမှတ် ပေးဖလားရအောင် လမ်းညွှန် စွမ်းဆောင်ပေးထားသူ ဖြစ် သည်။ ပီအက်စ်ဂျီအသင်း အတွက် ၁၀ ကြိမ်မြောက် လီဂူး ၁ အမှတ်ပေးဖလားကို ရရှိအောင် ကူညီစွမ်းဆောင်ပေး ထားသော်လည်း အသက် ၅၀ နှစ်အရွယ် နည်းပြ၏အနာဂတ် မှာ စိတ်မချရသည့် အခြေအနေ ကို ရောက်ရှိနေခြင်းဖြစ်သည်။ နာမည်ကျော် သတင်းထောက် ရိုမာနိုကိုယ်တိုင်က အာဂျင်တီး နားလူမျိုး နည်းပြ၏ အနာဂတ် သည် အစည်းအဝေးတစ်ခုအပေါ် မူတည်နေကြောင်း ပြောဆိုခဲ့ သည်။ 


အသင်းပိုင်ရှင် အဲလ်ခါ လီဖိုင် ပြန်ရောက်လာမည့် အချိန်တွင် နည်းပြပိုချက်တီနို ထွက်ခွာမည့် ဆုံးဖြတ်ချက်မှာ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ