နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်၌ ဒီတိုနေတာ ၂၄၀၀၀ ချောင်း ဖမ်းဆီးရမိ

ပြင်ဦးလွင် ဇွန် ၇


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်း၊ ရေငယ်ကျေးရွာ Mobile X-Ray စက်၌ ယမန်နေ့၊ ည ၇ နာရီအချိန်က ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ ပြည်မြို့နယ်၊ အောင်သာယာကျေးရွာနေ ကျော်လင်းအောင်(၂၃)နှစ်မောင်းနှင်ပြီး ဝမ်းတွင်းမြို့နယ်၊ ညောင်ပင်သာယာရပ်ကွက်နေ စိုးလင်းမောင်(၂၂)နှစ်လိုက်ပါလာသည့် MDY 9J/xxxx Fuso ၂၂ ဘီးယာဉ်သည် X-Ray စက်အား ဖြတ်သန်းစဉ် မသင်္ကာပုံရိပ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

 ထိုသို့ စစ်ဆေးခဲ့ရာ ယာဉ်မောင်းနောက်ခန်းနှင့်ယာဉ်အောက် Tool Box နေရာတို့တွင် ၂ လက်မခွဲခန့်ရှိ စနက်တံ၊ အရှည် ၆ ပေခန့် ဝါယာ ၂ ပင်ဖြင့် ဆက်သွယ်ထားသည့် ဒီတိုနေတာ ၂၀ ချောင်းပါ ၁၅၀ စီး(၃၀၀၀ ချောင်း)စီပါဆာလာအိတ် ၄ အိတ်(ဒီတိုနေတာ ၁၂၀၀၀ ချောင်း) နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျော်လင်းအောင် အား စစ်မေးရာ ဖမ်းဆီးခံရသည့် ဒီတိုနေတာများအား လားရှိုးမြို့၊ မြို့ရှောင်လမ်းတွင် Faw ယာဉ် ၁ စီးမှ လာရောက်တင်ဆောင်ပေးပြီး ၁ အိတ်လျှင် ၅၀,၀၀၀ ကျပ်ဖြင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ဦးမောင်ထံ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းနှင့် ၎င်းမောင်းနှင်လာသည့် ယာဉ်မှာ မန္တလေးမြို့နေသူ ပြည့်စုံစိုး(၂၈)နှစ် ယာဉ်ဖြစ်ပြီး ပြည့်စုံစိုးမှာ နွားထိုးကြီးမြို့နယ်၊ ထန်းခွကျေးရွာနေ ဖက်တီး(ခ)အောင်မျိုးကို(၂၁)နှစ် မောင်းနှင်သည့် MDY 7C/xxxx ၂၂ ဘီးယာဉ် ဖြင့် လိုက်ပါလာကြောင်း သိရှိရသည်။


 ည ၈ နာရီအချိန် တွင် ဖက်တီး (ခ)အောင်မျိုးကို မောင်းနှင်ပြီး ပြည့်စုံစိုးနှင့် ပြင်ဦးလွင် မြို့၊ ရပ်ကွက်ကြီး (၅)နေ ယာဉ်နောက်လိုက် နေလင်းထွန်း(၁၈)နှစ်တို့ လိုက်ပါလာသည့် MDY 7C/ xxxx ယာဉ်အား စစ်ဆေးစဉ် အဆိုပါယာဉ်၏ ယာဉ်မောင်း နောက်ခန်းတွင် ဆာလာအိတ် ၄ အိတ်ဖြင့် ထည့်လျက် ဒီတိုနေတာ ၁၂၀၀၀ ချောင်း၊ စုစုပေါင်း ဒီတိုနေတာ ၂၄၀၀၀ ချောင်းတို့အားထပ်မံ ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီအရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ