နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် လမ်းမီးများစစ်ဆေးပြုပြင်ခြင်းဆောင်ရွက်

ရန်ကုန်     မေ     ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်းရှိပြည်သူ များနှင့် ခရီးသွားပြည်သူများ  အနေဖြင့် ညအချိန်များ၌ ဘေး အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်စေရေးအတွက် ယမန်နေ့က  မြို့နယ်စည်ပင်သာယာရေးကော်မတီ(လမ်းနှင့် တံတားဌာန)နှင့် မြို့နယ်လျှပ်စစ်ဌာန တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် ကျိုက္ကဆံလမ်း တစ်လျှောက်ရှိလမ်းမီးများကို စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက် ပေးကြသည်။


ကျိုက္ကဆံလမ်းတွင်နေထိုင် သူ ကိုကျော်ထွန်းကလည်း "သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ ယခုလိုလျှပ်စစ်မီးလင်း ခြင်းမရှိတဲ့မီးတိုင်တွေကိုစစ်ဆေး ပြုပြင်ခြင်းများ ဆောင်ရွက်ပေး တာဟာ ကျွန်တော်တို့လမ်းတွင်း နေထိုင်သူတွေအတွက်သာမက  လမ်းသွားလမ်းလာများနှင့်ခရီး သွားပြည်သူများရဲ့ ညဘက် လုံခြုံရေးအတွက် အရမ်းကို အကျိုးရှိပါတယ်။  YBS ယာဉ် လိုင်းတွေ ဖြတ်သန်းသွားလာမှု   အများဆုံးဖြစ်တာကြောင့် ညဘက်ယာဉ်မတော်တဆမှု ဖြစ်ပွားတာကိုကြိုတင်ကာကွယ် ရာရောက်ပါတယ် " ဟုပြော သည်။


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိအဓိက  လမ်းမကြီးများကို လမ်း  အင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ် မှုရှိစေရေးအတွက် မြို့နယ်  စည်ပင်သာယာရေးကော်မတီ အနေဖြင့်စဉ်ဆက်မပြတ်ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းသန့်ရှင်းသာ ယာလှပစေရေး၊ မိုးရာသီကာလ အတွင်း ရေစီးရေလာကောင်းမွန် စေရေးအတွက်လည်းအထူးအလေးထားဆောင်ရွက်လျက် ရှိသည်။

နိုင်လင်းအောင်(တာမွေ)






အခြားဆက်စပ်သတင်းများ