နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြား ခရီးသွားများအတွက် နေပြည်တော်ဟိုတယ်များ ပြင်ဆင်ထားရန် တိုက်တွန်း

ရန်ကုန် မေ ၂၅


နိုင်ငံခြားသား ခရီးသွားဧည့် သည်များ ပိုမိုဝင်ရောက်လာ မည်ဖြစ်၍ နေပြည်တော် ဟိုတယ်များ ကြိုတင်ပြင်ဆင် ကြရန် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက တိုက် တွန်းထားသည်။


နေပြည်တော်တွင်ဟိုတယ် နှင့် တည်းခိုရိပ်သာ ၉၇ လုံး၊ အခန်းပေါင်း ၆၃၆၀ ခန့် အထိ ရှိပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့်၊ နိုင်ငံတကာလေ ကြောင်းလိုင်းများကို၊ ဧပြီ ၁၇ ရက်မှစတင်၍၊ ပြန်လည်ဆင်း သက်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းခရီး သွား ဧည့်သည်များဝင်ရောက် မှုရှိနေခြင်းကြောင့် ယခုကဲ့သို့ တိုက်တွန်းထားခြင်း ဖြစ်သည်။


ထို့ပြင် ကမ္ဘာလှည့်ခရီး သည်များ e-Visa လျှောက်ထား ခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေ ၂၀ ရက်က စတင်ခွင့်ပြုပေး လျက်ရှိရာ၊ နေပြည်တော်ရှိ ဟို တယ်များအနေဖြင့် အဆင်သင့် ဖြစ်နေ စေရေးအတွက် ပြင်ဆင် ထားကြရန်၊ လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တိုက်တွန်းထား သည်။


နေပြည်တော် ဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များ အသင်း အနေဖြင့် မြန်မာနိုင်ငံဟိုတယ် နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်း ဝန်း ပူးပေါင်းပါဝင်ပေးရန်လို အပ်သည်။                     ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ