နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ

ဆိပ်ကြီးခနောင်တို မေ ၂၅


ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် တစ် နှစ်ခွဲအရွယ်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များ အား ပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို၊ မေ ၂၃ ရက်ကစ၍၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင်၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ 


ကာကွယ်ဆေးထိုးနှံပေးရာ တွင် (နှစ်လ၊ လေးလ၊ ခြောက် လ၊ ကိုးလမှ တစ်နှစ်ခွဲ အရွယ် အထိ) ကလေးငယ်များ အသက် အပိုင်း အခြားအလိုက် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်း ရောင် အသားဝါ(ဘီ)၊ ဦး နှောက်အမြှေးရောင် စသည့် ငါးမျိုးစပ် ကာကွယ်ဆေး များထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်း တို့အပြင် ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက်အခြား ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆောင်ရွက်ပေး သည်။                      ဝေယံ(IPRD)






အခြားဆက်စပ်သတင်းများ