နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံမြို့ လေဘေးသင့် အိမ်ထောင်စုများအားထောက်ပံ့

မုဒုံ     မေ    ၂၅


မွန်ပြည်နယ် မုဒုံမြို့နယ် ဝဲကလိကျေးရွာအရှေ့ပိုင်းတွင် မေ ၂၀ ရက်က မိုးသည်း ထန်စွာ ရွာသွန်းပြီးလေပြင်း တိုက်မှု ကြောင့် ပျတ်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု ၁၂ စု အတွက် ထောက်ပံ့ငွေကို ယမန်နေ့က မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကသွား ရောက် ထောက်ပံ့ပေးသည်။


ထိုသို့ ထောက်ပံ့ ပေးရာ တွင် မုဒုံမြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့် အောင်နှင့် ဝန်ထမ်းများက အဆိုပါ ကျေးရွာရှိလေဘေး သင့်အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၂ ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေကိုအိမ် တစ်လုံး လျှင် ၅၀၀၀၀ကျပ်နှုန်းဖြင့် လည်ကောင်း၊ ခုနစ် ရက်စာ ဆန်ဖိုးငွေ  ၁၀၉၂၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ငွေ  ၇၀၉၂၀၀ ကျပ်ကို ပြည်သူများ ထံ လက်ဝယ်အရောက်သွား ရောက် ထောက်ပံ့ပေးကြသည်။


မုဒုံမြို့နယ် ကြက်ခြေနီ အသင်းခွဲက အိမ်ထောင်စု ခြောက်စုအတွက် ပြန်လည် ထူထောင်ရေး ပစ္စည်းများ နှင့် ကျန်းမာရေးသုံး ပစ္စည်းများကို လည်း  ထောက်ပံ့ကူညီပေးကြ သည်။    အောင်မျိုးသူ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ