နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mobile ဈေးကားဖြင့် သားငါးများ ဈေးသက်သာစွာရောင်းချ

ဒဂုံမြောက် မေ  ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင်ရန် ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတိရစ္ဆာန်ဆေး ကုသရေးနှင့် သားသတ်ရုံများ ဌာန၊စျေးများဌာနနှင့် သန့် ရှင်းရေဌာနတို့က၊ ပြည်သူများ ဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ၊ ယမန် နေ့ကအမှတ် ၃၀ ရပ်ကွက်၊ ဆောင်းဟေမန်အိမ်ရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား နှင့်ဆိတ်သားများကို ရောင်း ချပေးသည်။  စျေးများဌာနက ရေထွက်ပစ္စည်းငါးနှင့် ပုဇွန် များကိုလည်ကောင်း၊ ပတ် ဝန်း ကျင်သန့်ရှင်းရေး ဌာနက ကုန်စိမ်းနှင့်ကုန်ခြောက် အမျိုး မျိုးကို၊ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ၊ ကြက် တစ်ပိသာလျှင် ၅၀၀၀ ကျပ်၊ အမဲသား တစ်ပိသာ၁၃၀၀၀ ကျပ်၊ ဝက်သား တစ်ပိသာ ၁၀၀၀၀ ကျပ်၊ ဆိတ်သား တစ် ပိသာ ၂၀၀၀၀ ကျပ်၊ကြက်ဥ ၁၀ လုံးပါ တစ်ကဒ် ၁၃၀၀ ကျပ်၊ ဆန်ချော ငါးပြည်ပါတစ် အိတ် ၈၅၀၀ ကျပ်၊ ဆန်ကြမ်းငါး ပြည်ပါ တစ်အိတ် ၅၀၀၀ ကျပ် ၊ ဆီ ၅၀ ကျပ်သား တစ်ဘူး ၁၈၅၀ ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးကြသည်။ 


မြင့်မြင့်ရီ






အခြားဆက်စပ်သတင်းများ